ဘရပ်ဆဲ ပြတိုက် ပစ်ခတ်မှု သေဆုံး

brussel ဓာတ်ပုံ မူပိုင် AFP
Image caption ဂျူး ရပ်ကွက်တွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချ

ဘယ်လ်ဂျီယံ နိုင်ငံ မြို့တော် ဘရပ်ဆဲက ဂျူး လူမျိုး ပြတိုက် ထဲကို သေနတ်သမား က ဝင်ပစ်လို့ ၃ ဦး သေဆုံးပြီး တယောက် ဒဏ်ရာ အကြီးအကျယ် ရသွားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဘယ်လ်ဂျီယံ နိုင်ငံသား တွေကို စည်းလုံးမှု ယူပေးသလို ဖြစ်ခဲ့တယ်လို့ ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Elio Di Rupo က ပြောပါတယ်။

ဘာသာ စကားနဲ့ လူမျိုးရေး၊ ကိုးကွယ် ယုံကြည်မှု ကွဲပြားမှုတွေ ရှိနေပေမယ့် ဒီလို တိုက်ခိုက်မှု မျိုးကြောင့် နိုင်ငံသား အချင်းချင်း ရိုင်းပင်း စည်းလုံးသွားကြတယ်၊ တိုက်ခိုက်မှု လက်သည် တွေကို ဖော်ထုတ် အရေးယူ သွားမယ်လို့ Elio Di Rupo က ပြောကြား သွားပါတယ်။

ဂျူး ရပ်ကွက်တွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။

ဒါဟာ ဂျူးလူမျိုး တွေနဲ့ သူတို့ နိုင်ငံကို အစဉ်တစိုက် ပစ်မှတ်ထား တိုက်ခိုက်နေမှု တွေရဲ့ ရလဒ် ဖြစ်တယ်လို့လည်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီပစ်ခတ်မှုကို ပြစ်တင် ရှုတ်ချ ခဲ့ပါတယ်။

အခင်း ဖြစ်ပွားချိန်မှာ ကားနဲ့ ထွက်ပြေးသွားတဲ့ သူတယောက်ကို ဖမ်းမိထားပြီး ခြေကျင် ထွက်ပြေးသူကို မိအောင် ရှာဖွေနေတယ်လို့ ဘယ်လ်ဂျီယံ ရဲက ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ