ပုပ်ရဟန်းမင်း အရှေ့အလယ်ပိုင်းသွား

  • 24 မေ 2014
pope ဓာတ်ပုံ မူပိုင် Reuters
Image caption ပုပ်ရဟန်းမင်းနဲ့ ဂျော်ဒန် ဘုရင်

အရှေ့ အလယ်ပိုင်း ဒေသ ဘက် ၃ ရက် ကြာ ခရီးထွက်လာတဲ့ ပုပ်ရဟန်း မင်းကြီး Francis က Syria မှာ ဖြစ်ပွားတဲ့ အငြင်းပွားမှု ကို ငြိမ်းချမ်းတဲ့ နည်း နဲ့ ဖြေရှင်းကြဖို့ ဂျော်ဒန် နိုင်ငံ အာမန် မြို့တော် ရောက်ချိန် မှာ တိုက်တွန်းလိုက်ပါတယ်။

ပုပ်ရဟန်း မင်းကြီး Francis ဟာ အနောက်ဖက်ကမ်း နဲ့ အစ္စရေး နိုင်ငံ ဆီ လည်း သွားမှာပါ။

ဂျော်ဒန် ဘုရင် Abdullah နဲ့ မိဘုရား Rania တို့ ကို သွားမတွေ့မီ သူ့ကို နိုင်ငံရေး ခေါင်းဆောင် တွေ နဲ့ ဘာသာရေး ခေါင်းဆောင် တွေ က လေဆိပ်မှာ ကြိုဆိုကြပါတယ်။

နောက်ပိုင်း မှာ ဂျော်ဒန် နိုင်ငံ ရဲ့ အပြည်ပြည်ဆိုင်ရာ အားကစားရုံမှာ စုပေါင်း ဝတ်ပြု ကြ ဦးမှာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ် ဟာ ဒေသတွင်းရှိ Orthodox ခရစ်ယာန် တွေ နဲ့ ဆက်ဆံရေး ပိုမို ခိုင်မာအောင် ပြုယင်း တစတစ လျော့နည်း လာတဲ့ ခရစ်ယာန် ဦးရေ တိုးပွား လာစေရေး ကိုလည်း မျှော်လင့် ထားပါတယ်။

အခု ခရီးစဉ် မှာလည်း ဂျူးဘာသာရေး ဘုန်းတော်ကြီး နဲ့ အစ္စလမ် ဘာသာရေး ဆရာ လည်း လိုက်ပါလာကြပါတယ်။

ရည်ရွယ်ချက် ကတော့ ခရစ်ယာန်တွေ၊ မူဆလင်တွေ နဲ့ ဂျူးတွေ ဟာ ငြိမ်းချမ်းစွာ အတူနေထိုင် နိုင်ကြတယ် ဆိုတာ ကို ပြသ လိုတဲ့ ဆန္ဒ လည်းပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ