အာဖဂန် စစ်ပွဲပြီးဆုံးပြီဖြစ်ကြောင်း အိုဘားမားပြော

  • 25 မေ 2014
အာဖဂန်ရောက် သမ္မတအိုဘားမား ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန်ရောက် သမ္မတအိုဘားမား

အမေရိကန် စစ်သားတွေကို သမ္မတမိန့်ခွန်းပြောရာမှာ သမ္မာကျမ်းစာထဲက ကိုးကားချက်တွေများပြီး စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာန အတိုက်ခံရစဉ်က မီးလောင် ထားပေမယ့် မပျက်စီးတဲ့ အမေရိကန် အလံ အကြောင်းနဲ့ နိဂုံးချုပ်ခဲ့ပါတယ်။ ဒီမိန့်ခွန်းက အာဖဂန်မှာ အမေရိကန်က လာဆင်နွှဲတဲ့ စစ်ပွဲအခုအခါ သူ့အဆိုအရ တာဝန်ယူမှုတွေနဲ့အတူ ပြီးဆုံးပြီဆိုတာပြဖို့ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံမှာ အရေးကြီးတဲ့ အချိန်ကျရောက်နေပြီဖြစ်ကြောင်း အမေရိကန်တပ်ဖွဲ့တွေက Al Qaeda ကို နှိမ်နင်းခဲ့သလို တာလီဘန်တို့အရဲ့အရှိန်ကိုလည်း အာနည်းအောင်လုပ်နိုင်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး ပညာရေးပိုကောင်းလာပြီး တောင့်တင်းခိုင်မာတဲ့ အာဖဂန်စစ်တပ်ကိုလည်း အမွေထားခဲ့နိုင်တယ်လို့ သမ္မတကပြောပါတယ်။ အခုစစ်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသမှုနဲ့ပတ်သက်လို့ အမေရိကန်မှာ ပစ်တင်ဝေဖန် ခံနေရတုန်း အခုလို ရုတ်တရက်ရောက် လာတာဖြစ်ပါတယ်။ စစ်ပြန်တွေကို အလုပ်အကိုင် ရှာပေးမယ် ဒဏ်ရာရသူတွေကိုလည်း အပြောမဟုတ်ဘဲ တာဝန်အရ ပြန်ပြုစုမယ်လို့သမ္မတက ပြောတဲ့အခါ တက်ရောက်သူတွေက အကြီးအကျယ် သြဘာပေးခဲ့ကြပါတယ်။

နောက်နှစ်လအတွင်းရာထူးက ဆင်းပေးတော့မယ့် သမ္မတကာဇိုင်က လေတပ်ကို လာဖို့ငြင်းတဲ့အတွက် အိုဘားမားနဲ့မတွေ့ဖြစ်ပါဘူး။ သူဟာအမေရိကန်စစ်တပ်ကို နောက်ဆုံးအချိန်အထိ အပြင်းအထန်ဝေဖန်သွားပါတယ်။ လာမယ့်လအတွင်း အာဖဂန်ရွေးကောက်ပွဲ ဒုတိယအကြော့မှာပါမယ့် သမ္မတလောင်း၂ယောက်လုံးကတော့ ထိ အမေရိကန်တပ်ဖွဲ့အင်အား၁၀၀၀၀ ကနေ ၁၅၀၀၀၀အထိရှိမယ့် အင်အားသေးတဲ့ တပ်ဖွဲ့ လာမယ့်နှစ်မှာ ဆက်ထားဖို့ လုံခြုံရေး စာချုပ်လက်မှတ်ထိုးမယ်လို့ ကတိပြုထားကြောင်း အာဖဂန်ရှိ ဘီဘီစီသတင်းထောက် ကသတင်းပို့ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ