ထိုင်းဝန်ကြီးချုပ်ကို စစ်တပ်က ပြန်လွှတ်ပေး

ဓာတ်ပုံ မူပိုင် AFP
Image caption မစ်ယင့်လတ် အပါ အဝင် လူ ၁၅၀ လောက်ကို စစ်တပ် အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခဲ့

ထိုင်း နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက် ဝန်ကြီးချုပ် ဟောင်း ယင့်လတ် ရှင်နာဝပ်ကို ၂ ရက်ကြာ ထိန်းသိမ်း ထားရာ ကနေ အခုတော့ ပြန်လွှတ်ပေး လိုက်ပြီလို့ သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်း ရပ်ကွက် အဆို အရ မစ်ယင့်လတ် အနေနဲ့ နိုင်ငံရေးမှာ မပါဝင် ရတော့ပဲ၊ နိုင်ငံ ရပ်ခြား ခရီး ထွက် မယ်ဆိုရင် ခွင့်ပြုချက် တောင်းခံ ရမှာ ဖြစ်ကြောင်း သိရတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

မစ်ယင့်လတ် အပါ အဝင် တခြားသော အထင်ကရ နိုင်ငံရေး သမားတွေ၊ ပညာရှင် တွေနဲ့ စစ်တပ် အာဏာသိမ်းမှု အပေါ် ဝေဖန် ပြောကြား နိုင်ချေ ရှိမယ့် သူ စုစုပေါင်း လူ ၁၅၀ လောက်ကို ကြာသပတေးနေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ထိန်းသိမ်း ထားလိုက်တာ ဖြစ်ပါတယ်။

အများစုကို ဆက်လက် ထိန်းသိမ်း ထားဆဲ ဖြစ်ပါတယ်။

ဒေါ်သဖြစ်နေ ကြတဲ့ ဆန္ဒပြသူ အနည်း အကျဉ်း ကတော့ တတိယ မြောက် နေ့ အဖြစ် ဘန်ကောက်မြို့မှာ စစ်တပ် အာဏာသိမ်း တာကို ကန့်ကွက် ဆန္ဒပြခဲ့ ကြရာ လုံခြုံရေးတွေနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွား ခဲ့ကြ ပါတယ်။ တချို့လည်း ဖမ်းဆီး ခံရတယ်လို့ သိရပါတယ်။

အစောပိုင်း တုန်းကတော့ မီဒီယာတွေနဲ့ ဆွေးနွေးမယ် ဆိုပြီး ထိုင်းစစ်တပ် ကနေ အယ်ဒီတာ ၁၈ ဦးကို ဆင့်ခေါ် တွေ့ဆုံခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ