စစ်တပ်အာဏာသိမ်းမှု ထိုင်းဘုရင်အတည်ပြု

  • 26 မေ 2014
ဓာတ်ပုံ မူပိုင် REUTERS
Image caption ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချား

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ကို ထိုင်းဘုရင်ကြီးက တိုင်းပြည် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ဆောင်ခွင့် အတွက် အတည်ပြု ပေးလိုက်ပါတယ်။

တိုင်းပြည် အုပ်ချုပ်ရေး အဖွဲ့ ဖြစ်တဲ့ စစ်ကောင်စီ အကြီးအကဲ အဖြစ် ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားကို တရားဝင် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာ ယွတ် ကျန်အိုချားက နိုင်ငံရဲ့ အာဏာကို မသိမ်းရင် မဖြစ်တော့လို့ လုပ်ခဲ့ရတာလို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒါဟာ စစ်တပ် အကျိုး အတွက်လုပ်တာ မဟုတ်ပါဘူး၊ ထိုင်းပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်ရတာပါလို့ ဗိုလ်ချုပ်ကြီး ပရာယွတ် ကျန်အိုချားက ပြောသွားပါ။

အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ကန့်ကွက်မှု တွေကို ဆက်လက် မလုပ်ကြဖို့ သူက သတိပေးလိုက် ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို အိမ်ပြန်ခွင့် ပေးလိုက်ပေမဲ့ စစ်တပ်ရဲ့ ကြီးကြပ်စောင့်ကြည့်မှု အောက်ပါပဲ ထားရှိပါတယ်။

ပြီးခဲ့တဲ့ အစိုးရအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့ပSuthep Thaugsuban ကိုလည်း ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သူဟာ စွဲချက်တွေကိုတော့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ