ကလေးတွေအပေါ် ကျူးလွန်မှု သည်းမခံ

  • 27 မေ 2014
pope_francis_ ဓာတ်ပုံ မူပိုင် Getty
Image caption ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အရှေ့အလယ်ပိုင်း ခရီးမှာ တွေ့ရစဉ်

ခရစ်ယာန် ရောမကျောင်းတော် ဘာသာဝင်တို့ ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ဟာ၊ သူ့ရဲ့ ၃ ရက်တာ အရှေ့ အလယ်ပိုင်း ခရီးစဉ် ပြီးဆုံးခဲ့အပြီး၊ အပြန် လေယာဉ်ပေါ် မှာ ရှိနေစဉ်မှာ ပဲ၊ ရောမ ကျောင်းတော် သာသနာ အတွင်း၊ ကလေးသူငယ် တွေ အပေါ် မတော်မတရား ကျူးလွန်မှုမျိုး ကို ၊ လုံးဝ သည်းခံ မှာ မဟုတ်ဘူး လို့ ပြောဆို လိုက်ပါတယ်။ အကျူးလွန် ခံခဲ့ရတဲ့ ကလေးသူငယ်တွေ နဲ့ ဗာတီကန် နန်းတော် မှာ နောက်လထဲ တွေ့ဖို့ စီစဉ်ထားတယ် လို့လည်း ကြေညာ ခဲ့ပါတယ်။

သူ့ရဲ့ အရှေ့အလည်ပိုင်း ခရီးစဉ်အတွင်း မှာ ပုပ်ရဟန်းမင်းကြီး ဟာ၊ ဘာသာရေးအရ အထွဋ်အမြတ် အဖြစ်ဆုံးလို့ ယူဆထားကြ တဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

ယေရှုခရစ်တော် နောက်ဆုံး ညစာ စားခဲ့တယ် လို့ ယူဆထားတဲ့ အခန်းထဲမှာ၊ လူအများနဲ့ ဝတ်ပြု ဆုတောင်းပွဲ ပြုလုပ်ခဲ့ ပြီး၊ မတူကွဲပြားတဲ့ ဘာသာရေးတွေ အကြား သည်းမခံတတ်မှု တွေ အဆုံးသတ်ကြ ဖို့ တိုက်တွန်းခဲ့ပါတယ်။

အစောပိုင်းကလည်း၊ ဂျေရူစလာမ် မြို့တော်မှာ ရှိတဲ့ Yad Vashem ပြတိုက် ကို သွားရောက် ခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတို့ ရဲ့ အစုလိုက် အပြုံလိုက် အသတ်ခံရမှု အတွင်း၊ အသက်ရှင် ကျန်ရစ် နိုင်ခဲ့သူတွေ ရဲ့ လက်တွေကို နမ်းရှုံ့ နှုတ်ဆက်ခဲ့သလို၊ အစ္စရေးတို့ အထွဋ်အမြတ်ဆုံး ထားရာ Western Wall လို့ ခေါ်တဲ့ အနောက်ဘက် တံတိုင်းကို လည်း သွားရောက် ဝတ်ပြု ဆုတောင်းမှုတွေ ပြုလုပ် ခဲ့ပါသေး တယ်။

ဒါ့အပြင် အကြမ်းဖက် ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ အစ္စရေးလ် နိုင်ငံသား အားလုံး အတွက် ရည်စူး တည်ဆာက်ထားတဲ့ အထိမ်းအမှတ် နေရာကိုလည်း၊ ကြိုတင် စီစဉ် မထားပဲ၊ သွားရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ