ဒွန်းညက်စ် လေဆိပ် ယူကရိန်းတပ်တွေ ပြန်ထိန်းချုပ်

  • 27 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လေဆိပ်ဆီ သွားတဲ့ လမ်းတွေမှာ ပစ်ခတ်မှုတွေ ရှိနေဆဲ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒွန်ညက်စ်မြို့ လေဆိပ်ကို အစိုးရ တပ်ဖွဲ့တွေက ပြန်လည် ထိန်းချုပ် လိုက်နိုင်ပြီ လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

ဒါပေမယ့် အခြေအနေတွေ တင်းမာနေဆဲပဲလို့ ဒွန်ညက်စ် မြို့တော်ဝန် အိုလက်ခ်ဆန်းဒါး လုခ်ယန် ချန်ကိုက ပြောပါတယ်။

ဂျက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ စစ်ကူဖြည့်ထားတဲ့ အစိုးရ တပ်ဖွဲ့ရဲ့ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း မနေ့က လေဆိပ်ကို သိမ်းပိုက်ခဲ့တဲ့ သေနတ်သမားတွေဘက်က လက်နက်ကိုင် ၃၀ ကျော်လောက် ကျဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် လေဆိပ်ဆီ သွားတဲ့ လမ်းတွေကို ခွဲထွက်ရေး လက်နက်ကိုင်တွေက ထိန်းချုပ်ထားဆဲ ဖြစ်ပြီး ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ဆက်ရှိနေဆဲပဲလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ OSCE ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က အဲဒီ ဒေသမှာ စောင့်ကြည့် လေ့လာနေတဲ့ သူတို့ရဲ့ အဖွဲ့ခွဲ ၄ခုနဲ့ အဆက်အသွယ်တွေ မနေ့က ပြတ်သွားတယ်လို့ OSCE အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ