ပါကစ္စတန်မှာ တာလီဘန် အဖွဲ့ခွဲတစ်ခု ခွဲထွက်လာ

Image caption တာလီဘန် ခေါင်းဆောင် Hakimullah Mehsud ပြီးခဲ့တဲ့ နိုဝင်ဘာမှာ အသတ်ခံရပြီးနောက် အုပ်စုတွင်း တိုက်ခိုက်မှုတွေ တိုးလာ

ပါကစ္စတန် နိုင်ငံမှာ တာလီဘန်တွေ ဖွဲ့ထားတဲ့ တပ်ပေါင်းစုထဲက အဖွဲ့ခွဲတစ်ခုဟာ တပ်ပေါင်းစုကနေ ခွဲထွက်လိုက်ပြီလို့ အဲဒီ အဖွဲ့ခွဲရဲ့ ခေါင်းဆောင်က ပြောပါတယ်။

TTP လို့ ခေါ်တဲ့ အဲဒီ တပ်ပေါင်းစုထဲကနေ မာဆွတ် Mehsud ဆိုတဲ့ အုပ်စုဟာ ပင်မ အဖွဲ့ကြီးကနေ ခွဲထွက်လိုက်ပြီလို့ မာဆွတ်အဖွဲ့ရဲ့ ပြောခွင့်ရသူ အဇမ်တားရစ် Azam Tariq က ကြေညာပါတယ်။

ပါကစ္စတန် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေကြောင့် ခုလို ခွဲထွက်တာ ဖြစ်တယ်လို့ လူမျိုးစုတွေ နေထိုင်ရာ တောင်ပိုင်း ဝါဇီရစ္စတန် ဒေသမှာ အဇမ်တားရစ် က သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

သူတို့ အဖွဲ့က ဆွေးနွေးမှုတွေကို ထောက်ခံပြီး တာလီဘန် ခေါင်းဆောင်တွေကတော့ အစိုးရကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်လိုတယ်လို့ သူက ပြောပါတယ်။

စစ်သွေးကြွ အဖွဲ့ဟာ ဓားပြတိုက်တာ၊ ပြန်ပေးဆွဲ ငွေတောင်းတာတွေ လုပ်တဲ့ ရာဇဝတ်ဂိုဏ်း တစ်ခု ဖြစ်လာနေပြီလို့လည်း အဇမ်တားရစ်က စွပ်စွဲပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ