ထိုင်း စစ်တပ်က စောင့်ကြည့် ပိတ်ပင်မှုတွေ ပြုလုပ်

  • 28 မေ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption Victory monument မှာ အာဏာသိမ်းမှု ဆန့်ကျင်သူ တစ်ဦးကို ဖမ်းဆီးအပြီး လူအုပ်နဲ့ ထိပ်တိုက် ရင်ဆိုင်မိစဉ်။

ထိုင်းနိုင်ငံမှာ အင်တာနက် အသုံးပြုမှုတွေအပေါ် စစ်တပ်က စောင့်ကြည့် ပိတ်ဆို့မှုတွေ ရှိနေပြီး တချို့ အင်တာနက် စာမျက်နှာတွေကို ဝင်ရောက် ကြည့်ရှုခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။

လောလောဆယ်မှာ အင်တာနက် အသုံးပြုသူတွေ အနေနဲ့ Facebook ကို ဝင်လို့ မရဘူးဆိုတဲ့ သတင်းတွေ ရရှိနေပြီး ထိုင်း စစ်တပ် အာဏာပိုင်တွေကတော့ သူတို့ ပိတ်ဆို့ထားတာ မရှိဘူးလို့ ပြောပါတယ်။

ဘန်ကောက်မြို့က Victory monument မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာလည်း လူတစ်ယောက်ကို ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်တပ်က အာဏာ သိမ်းပြီးနောက် ဖမ်းဆီးထားခဲ့တဲ့ နိုင်ငံရေး သမားတွေ၊ တက်ကြွ လှုပ်ရှားသူတွေနဲ့ ပညာရှင်တွေ စုစုပေါင်း ၁၂၄ ယောက်ကိုတော့ ပြန်လွှတ် ပေးလိုက်ပြီး ဆက်လက် ထိန်းသိမ်းထားသူ ဒါဇင်နဲ့ချီပြီး ကျန်သေးတယ်လို့ စစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။

အခု ပြန်လွှတ်ပေးလိုက် သူတွေကိုလည်း နိုင်ငံရေး ဆောင်ရွက်မှုတွေ မလုပ်ရဘူးဆိုတဲ့ စည်းကမ်း ကန့်သတ်ချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ