ပါကစ္စတန် ခဲနဲ့ပစ် အသတ်ခံရမှု ရဲက ဝင်မတားခဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption သေဆုံးသူ အလောင်းဘေးမှာ ရဲက မျက်မြင်သက်သေ စစ်နေစဉ်။

ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့က တရားရုံး အပြင်ဘက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို သူ့မိသားစုဝင်တွေက သတ်ဖြတ်ပစ်ခဲ့တာနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့ ပါကစ္စတန်မှာ ရှိတဲ့ လူ့အခွင့်အရေး တောင်းဆို လှုပ်ရှားသူတွေက ပြောပါတယ်။

မိဘ သဘောမတူဘဲ ကိုယ်ကြိုက်တဲ့သူကို ယူခဲ့တဲ့ အတွက် အင်္ဂါနေ့က လူမြင်ကွင်းမှာ အုတ်ခဲတွေနဲ့ အသေထုရိုက် ခံခဲ့ရချိန်မှာ ဖာဇာနာ ပါဗီးန် Farzana Parveen ဟာ ကိုယ်ဝန် သုံးလ လွယ်ထားခဲ့တာပါ။

ဒီလို ထုရိုက် သတ်ဖြတ်နေတာကို ရဲတွေက ဝင်မတားဘဲ လက်ပိုက်ကြည့်နေခဲ့ကြတယ်လို့ သူ့ခင်ပွန်းက ဘီဘီစီကို ပြောပြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ မိဘ သဘောမတူ သူကို ယူတာမျိုးကို ရှေးရိုးစွဲ အသိုင်းအဝိုင်းမှာ လုံးဝ လက်မခံကြဘဲ နှစ်စဉ် အမျိုးသမီး ရာပေါင်းများစွာ အသတ်ခံရလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ