ဆိုဗီယက် နိုင်ငံဟောင်း ၂ ခုနဲ့ ပူတင် သမဂ္ဂ ဖွဲ့

ဓာတ်ပုံ မူပိုင် Reuters
Image caption စီးပွားရေး ပေါ်လစီတွေ ပူးပေါင်းချမှတ်မယ်

ရုရှား သမ္မတ ပူတင်ဟာ ကာဇက်စတန်၊ ဘယ်လာရုစ် တို့နဲ့ စီးပွားရေး သမဂ္ဂ တခု တည်ထောင်ဖို့ သဘောတူ လက်မှတ်ရေးထိုး လိုက်ပြီး ဒါဟာ ထူးခြား အရေးပါတဲ့ သမိုင်းကဏ္ဍသစ် တစ်ရပ် ဖွင့်လှစ်နိုင်ခဲ့တာလို့ ပူတင်က ပြောသွားပါတယ်။

ဥရောပ အာရှ စီးပွားရေး သမဂ္ဂ အတွင်း စျေးကွက်တစ်ခုကို ခွဲဝေ ကျင့်သုံးမှာ ဖြစ်သလို ဆိုဗီယက် ယူနီယံ နိုင်ငံဟောင်း ၃ ခုအတွင်း စီးပွားရေး ပေါ်လစီတွေ ပူးပေါင်း ချမှတ်မှာ ဖြစ်ပါတယ်။

အဲဒီ သမဂ္ဂဟာ လာမယ့်နှစ်မှာ အတည်ဖြစ်ပါလိမ့်မယ်။

ဒီသဘောတူချက်ဟာ ဆိုဗီယက် ယူနီယံဟောင်းရဲ့ တစိတ်တဒေသကို ပြန်ဖန်တီး တည်ဆောက်ဖို့ ကြိုးပမ်းမှု တစ်ရပ် ဖြစ်တယ်လို့ အကဲခတ်တွေက ဝေဖန် သုံးသပ်နေပြီး အဲဒီ နိုင်ငံ ၃ နိုင်ငံထဲမှာ စီးပွားရေး အကြီးမားဆုံး ဖြစ်တဲ့ ရုရှားနိုင်ငံက အကြီးအကျယ် သြဇာလွှမ်းမိုးဖို့ လုပ်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ သမဂ္ဂထဲ ယူကရိန်း နိုင်ငံလည်း အနှေးနဲ့ အမြန် ဆိုသလို ပါဝင် ပူးပေါင်းသင့်တယ်လို့ ဘဲလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ