အလက်ပို ဗုံးကြဲမှု တစ်နှစ်အတွင်း လူ ၂ ထောင် သေ

  • 30 မေ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို့ အပျက်အစီးမြင်ကွင်း တစ်နေရာ။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပို မြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ နေရာကို အစိုးရ တပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေခဲ့ရာမှာ အခုနှစ်အတွင်း လူပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့ရကြောင်း ဆီးရီးယား လူ့အခွင့်ရေး လေ့လာ စောင့်ကြည့်နေတဲ့ အဖွဲ့က ပြောပါတယ်။

တိုက်ခိုက်ခဲ့မှု အများစုဟာ လက်လုပ် ဘာရယ် ဗုံးတွေကို ရဟတ်ယာဉ်ပေါ်ကနေ ကြဲချခဲ့တာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။

အဲဒီ ဘာရယ် ဗုံး ဆိုတာကတော့ စည်ပိုင်းတွေထဲ ဖောက်ခွဲရေး ပစ္စည်းတွေ၊ သံ သတ္တုစတွေ ထည့်ပြီး အကြီးအကျယ် ထိခိုက် ပျက်စီးစေအောင် လုပ်ထားတဲ့ လက်လုပ်ဗုံးတွေ ဖြစ်ပါတယ်။

နိုင်ငံတကာကနေ အခုလို ဗုံးတွေ မသုံးဖို့ တောင်းဆိုနေပေမယ့်လည်း တကယ့် လက်တွေမှာ ဆီးရီးယား အစိုးရက ဒီဗုံးတွေကို အကြီးအကျယ် အသုံးပြုနေပုံရတယ်လို့ အဲဒီ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ