ခွဲထွက်ရေးသမားတွေ ရုရှားလုပ် လက်နက် သုံး

prorussian_activist_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား လိုလားသူ ခွဲထွက်ရေးသမား

ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သူပုန်တွေ ဟာ၊ နည်းပညာ အဆင့်မြင့် လက်နက်တွေ သုံးစွဲပြီး တိုက်ခိုက်နေတဲ့ အပေါ် စိုးရိမ်ကြောင်း၊ အမေရိကန် က ပြောလိုက်ပါ တယ်။ ကြာသပတေးနေ့ Slovyansk မြို့ အနီးမှာ၊ ယူကရိန်း စစ်ရဟပ်ယာဉ်ဟာ၊ ရုရှားလုပ် လေယာဉ်ပစ် ဒုံးကျည်နဲ့၊ ပစ်ချ ခံခဲ့ရအပြီး အမေရိကန်က ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေး သမားတွေရဲ့ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့၊ Sloviansk မြို့တော်ဝန် အဖြစ်၊ မိမိကိုယ်ကိုယ် ကြေညာ ထားသူ မစ္စတာ Ponomaryov ကလည်း၊ ရဟပ်ယာဉ် ပစ်ချခဲ့မှုနဲ့ ပတ်သက်ပြီး၊ အတည်ပြု ပြောကြားခဲ့ပါတယ်။

ပစ်ချခံလိုက်ရတဲ့ ရဟပ်ယာဉ်ပေါ် လိုက်ပါသွားတဲ့ ယူကရိန်း စစ်ဘက်က ဗိုလ်ချူပ်ကြီး ၁ ဦး အပါအဝင် ယူကရိန်း တပ်ဖွဲ့ဝင် ၁၄ ဦး အားလုံး သေဆုံးကာ၊ နောက်ထပ် ရဟပ်ယာဉ် ၁ စင်းလည်း ထိမှန်ခဲ့ ပါတယ်။

လက်ရှိ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇနြာ တူချီနော့ဗ် ကတော့၊ ယူကရိန်း နိုင်ငံဟာ အခုဆို စစ်မက်ပြုမူခြင်း ခံနေရပြီလို့ ယူကရိန်း ပါလီမန်ကို ပြောကြားခဲ့ပါတယ်။

တခါ၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဖြစ်ပွားခဲ့တဲ့ ဒွန်းညက်စ်ခ် မြို့ လေဆိပ်တိုက်ပွဲ မှာ၊ ခွဲထွက်ရေး သမားတွေဘက်က ကျဆုံးသွားသူ အများစုဟာ၊ ရုရှားနိုင်ငံဘက်က ဝင်ရောက်လာသူတွေ ဖြစ်တယ် ဆိုပြီး၊ ရုရှားလိုလားသူ လက်နက်ကိုင်တွေက ထုတ်ဖေါ် ပြောခဲ့ပါတယ်။

ခွဲထွက်ရေး ခေါင်းဆောင်တစ်ဦးဖြစ် တဲ့ Alexander Borodai ရဲ့ အဆိုရ၊ ဒွန်းညက်စ်ခ် မြို့ လေဆိပ်ကို အစိုးရတပ်တွေ ပြန်လည် သိမ်းယူစဉ် ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ၊ ခွဲထွက်ရေးသမားတွေ ဘက်က လူ ၃၁ ဦး သေဆုံးခဲ့တယ် လို့ သိရပါတယ်။

အရင်ကတော့ ခွဲထွက်ရေးသမားတွေ ဟာ၊ သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ အားလုံးဟာ ယူကရိန်း အရှေ့ဘက်ပိုင်းက ဒေသခံတွေသာ ဖြစ်တယ် ဆိုပြီး၊ အစဉ်အဆက် ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ