ဆူဒန် အမျိုးသမီးကို ပြန်လွှတ်မယ်

sudan
Image caption ထောင်ထဲမှာ သမီး တယောက်ကို မီးဖွား

အစ္စလာမ် အယူကို စွန့်ပယ်မှုနဲ့ သေဒဏ် ကျနေတဲ့ ဆူဒန် အမျိုးသမီး Meriam Ibrahim ကို ရက်ပိုင်း အတွင်း ပြန်လွှတ် ပေးတော့ မယ်လို့ ဆူဒန် နိုင်ငံခြားရေး ဌာန အဆင့်မြင့် အရာရှိကြီး တဦး က ပြောကြား လိုက်ပါပြီ။

သေဒဏ်ချခဲ့တာ တရားရုံး ဆုံးဖြတ်ချက် ဖြစ်လို့ ဒါကို ပြင်ဆင် ချမှတ်ဖို့ ဥပဒေ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်စရာတွေ ရှိသေးတယ်လို့ ဆူဒန် နိုင်ငံခြားရေး ရုံးက Abdullahi Alzareg က ပြောကြား ခဲ့ပါတယ်။

ဆူဒန် အစိုးရ အနေနဲ့ ဘာသာရေး လွတ်လပ်ခွင့် ကို အာမခံ ပေးထားတာမို့ ဒီအမျိုးသမီးကို ကာကွယ် စောင့်ရှောက် သွားမယ် လို့လဲ Alzareg က ဆိုပါတယ်။

သူ့ကို သေဒဏ် ပေးမှု အပေါ် နိုင်ငံတကာ ပြစ်တင် ရှုတ်ချမှု တွေ ကြီးထွား နေပါတယ်။

Meriam Ibrahim ဟာ ဒီအပတ် ထဲမှာပဲ ထောင်ထဲမှာ သမီး တယောက်ကို မီးဖွား ခဲ့ရတာ ဖြစ်ပါတယ်။

ခရစ်ယာန် နဲ့ ယူလို့ ဆိုပြီး အိမ်ထောင်ရေး စည်းဖောက်မှုနဲ့ သူ့ကို ကြိမ်ဒဏ် တရာရိုက်ဖို့လဲ ပြစ်ဒဏ် ချမှတ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ