တာလီဘန် က အမေရိကန် စစ်သားကို ပြန်လွှတ်

_us_chopper_ ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် အဖမ်းခံ ဆာဂျင် ကို ကယ်ထုတ်လာ

၂၀၀၉ ခုနှစ် ကတည်းက အာဖဂန်နစ္စတန် နိုင်ငံ အရှေ့ဘက် မှာ စစ်မှုထမ်းဖို့ ရောက်လာခဲ့ တဲ့ အမေရိကန် စစ်သား ဘိုဘာဒါလ် ဟာ တာလီဘန် တွေ ဖမ်းဆီးမှု ခံလိုက်ရ အပြီး မနေ့ကမှ လွှတ်ပေး လိုက်ပါတယ်။အကျဉ်းသား လဲလှယ်ရေး အစီအစဉ် အရပါ။

သူ လွတ်မြောက်လာတာ အလွယ်တော့ မဟုတ်ပါဘူး။ ကာတာ အစိုးရ ရဲ့ ကြားဝင်စေ့စပ်မှု နဲ့ ဂွမ်တာနာမို ဘေး အကျဉ်းစခန်းမှာ အဖမ်းခံထားတဲ့ ထိတ်တန်း တာလီဘန် တိုက်ခိုက်ရေး သမား ၅ ယောက် နဲ့ လဲလှယ်ပြီး လွှတ်ပေးလိုက်တာပါ။ တာလီဘန်တွေ ဘက် က ဒီအကျဉ်းသား လဲလှယ်ရေး အစီအစဉ် ကို အကောင်အထည် ဖော်ချင်တာ ကြာပါပြီ။ ဒါပေမဲ့ ကာတာ မှာ တာလီဘန် ရုံးဖွင့်ခွင့် အစီအစဉ် မနှစ် က ပျက်သွားတဲ့ အတွက် ဘိုဘာဒါလ် လွတ်မြောက်ရေး ကြန့်ကြာ ခဲ့တာပါ။ အာဖဂန် အစိုးရ က ကန့်ကွက်လို့ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှာ တော့ ညှိနှိုင်းမှု ကို တိတ်တဆိတ် ပြုလုပ်ခဲ့တာပါ။ တာလီဘန် တွေ နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း အဆိုအရ သူတို့ဟာ အမေရိကန် စစ်သား ကို ဒိပြင် လက်နက်ကိုင် အဖွဲ့တွေ က သတ်ပစ် မှာ စိုးတဲ့ အတွက် မကြာခန နေရာ ပြောင်းပြီး ထားတဲ့ အကြောင်း၊ အမေရိကန် အဆင့်မြင့် အရာရှိ တွေ ရဲ့ သတင်းရပ်ကွက် ကတော့ ဘိုဘာဒါလ် ကို ပါကစ္စတန် မှာ ဖမ်းထားတာ ဖြစ်ကြောင်း ပြောပါတယ်။

သူ့ ကို အမေရိကန် တပ် လက်ထဲ ပြန်အပ်ချိန် မှာတော့ အဆင်ချောပါတယ်။ သူ ကို လာခေါ်တဲ့ ရဟတ်ယာဉ် ပေါ် ရောက်တဲ့ အခါမှာ သူကိုယ်တိုင် မယုံကြည် နိုင်အောင် ဖြစ်နေတာ ကို အာဖဂန် မှ ဘီဘီစီ သတင်းထောက် ဒေးဗစ် လွိုင်း က ပြောပါတယ်။ သူက စက္ကူပန်းကန်ပြား ပေါ် မှာ SF လို့ ရေးပြီး special forces အထူးတပ်ဖွဲ့ လားလို့ မေးတဲ့ အကြောင်း၊ ဒီအခါမှာ ဟုတ်ပါတယ် လို့ အမေရိကန် တပ် ရဲ့ လက်ထဲ ပြန်ရောက်ပါပြီ လို့ အဖြေ သေချာတဲ့ အခါမှာ ချုန်းပွဲချ ငို တာ ကို ရှင်းပြပါတယ်။

အမေရိကန် ခေါင်းဆောင် တွေ ဘက်ကလည်း သူတို့တပ်ဖွဲ့ဝင်တွေ ကို ဘယ်တော့ မှ ရန်သူ့ လက်ထဲမှာ ချန်မထားခဲ့ ဘူး ဆိုတာ ကို ပြသနိုင်တဲ့ သဘော သက်ရောက် စေခဲ့ပါတယ် ဆိုတာကို ဘိုဘာဒါလ် လွတ်မြောက် လာစေရေး နဲ့ ပြသခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ