တာလီဘန်နဲ့ ကန်စစ်သားလဲမှု အာဖဂန်ရှုတ်ချ

  • 2 ဇွန် 2014
အကျဉ်းသားလဲလှယ်မှု သမ္မတကြေညာ ဓာတ်ပုံ မူပိုင် Getty
Image caption အကျဉ်းသားလဲလှယ်မှု သမ္မတကြေညာ

အကျဉ်းသား တွေ လက်တွေ့ လဲတဲ့ အချိန် မတိုင်မီ အာဖဂန် နစ္စတန် အစိုးရကို အသိ မပေးဘဲ တတိယ နိုင်ငံ ကာတာက တဆင့် တာလီဘန် ၅ ယောက်ကို ပြန်လွှတ် တာဟာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တယ်လို့ အာဖဂန် အစိုးရက ပြစ်တင် လိုက်ပါတယ်။

အမေရိကန် တို့ရဲ့ ဂွာတာနာမို အကျဉ်း စခန်းမှာ ထိန်းသိမ်း ခံထားရတဲ့ အာဖဂန် ၅ ယောက် ဟာ ၂ဝဝ၁ ခုနှစ် အမေရိကန် စစ်ဆင်ရေး အတွင်း အဖမ်းခံ ထားရတဲ့ အမြင့်ဆုံး တာလီဘန် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ယူဆ ရပါတယ်။

အာဖဂန် တာလီဘန် ခေါင်းဆောင် မိုဟာမက်အိုမာ က သူတို့ ဘက်က အောင်မြင်မှု ရတယ်လို့ ပြောနေချိန်မှာ သမ္မတ အိုဘားမားရဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန် တွေကတော့ ဒီလူတွေကို မလွှတ်ခင် ပင်တဂွန် စစ်ဌာနချုပ် က ကွန်ဂရက် ကို လိုအပ်တဲ့ ရက် ၃၀ ကြိုတင် အသိ မပေးဘူးလို့ ဝေဖန် နေပါတယ်။

အာဖဂန် စစ်ဆင်ရေး မှာပါတဲ့ အထူးတပ်ဖွဲ့ တွေနဲ့ တွေ့ဆုံခဲ့တဲ့ ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂယ် ကတော့ အခု စစ်သားဟာ အန္တရာယ် ကျရောက်နေလို့ အမြန်ဆုံး ကယ်တင် လိုက်ရတာ လို့ ပြောပါတယ်။

အခုလို အကျဉ်းသား လဲလှယ်မှုကြောင့် တာလီဘန်တွေနဲ့ ဆွေးနွေးပွဲတွေ သိသာတဲ့ တိုးတက်မှု တွေရဖို့ မျှော်လင့် နိုင်ပါတယ်။ ဒါပေမဲ့ ဆာဂျင်ဘတ်ဒါ ပြန်လွတ်ရေးက အဓိကလို့ ဆက်ပြောပါတယ်။

အိုင်ဒါဟို ပြည်နယ် ဟေလီ မြို့က ဆာဂျင် ဘတ်ဒါဟာ ပါကစ္စတန် နယ်စပ်အနီး ပတ်တီကာ ခရိုင်မှာ ခြေလျင်တပ်ဖွဲ့အတွက် တာဝန်ကျနေစဉ် ၂ဝဝ၉ ခုနှစ် ဇွန်လကုန်က အဖမ်းခံရတာ ဖြစ်ပြီး စနေနေ့က အကျဉ်းသား လဲလှယ် ပြီး ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ