အိန္ဒိယ မုဒိမ်းမှု ဆန္ဒပြသူတွေကို ရဲက ဖြိုခွင်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အမှုအပေါ် ကိုင်တွယ်ပုံကြောင့် ပြည်သူအကြား အမျက်ဒေါသ ကျယ်ပြန့်လာခဲ့

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အတွက် တောင်းဆို ဆန္ဒပြကြတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပြည်နယ် ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

အမျိုးသမီးတွေ အများစု ဖြစ်တဲ့ ဒီ ဆန္ဒပြသူတွေဟာ လက်ခ်နောင်း မြို့က ပြည်နယ် ဝန်ကြီးချုပ် ရုံးကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီပြည်နယ်မှာ ဝမ်းကွဲ ညီအမ နှစ်ဦး မတရားပြုကျင့်ခံရပြီး သစ်ပင်မှာ ကြိုးဆွဲချ သတ်ဖြတ်ခံရမှု ဖြစ်ခဲ့ပြီးနောက် အများပြည်သူ အကြားမှာ အမျက်ဒေါသတွေ ကျယ်ပြန့်လာခဲ့ပြီး အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတာပါ။

အဲဒီ ဝမ်းကွဲ ညီအမ နှစ်ဦး ပျောက်ဆုံး သွားလို့ ရဲကို တိုင်းကြားခဲ့တုန်းက ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန် ဆောင်ရွက်မှုဟာ နာရီနဲ့ချီ အချိန်ကြာမြင့်ခဲ့တယ်လို့ ညီအမ နှစ်ဦးရဲ့ ဆွေးမျိုးသားချင်းတွေက ပြောပါတယ်။

အခုတော့ ဒီရာဇဝတ်မှုနဲ့ ဆက်စပ်ပြီး ရဲ ၂ ဦး အပါအဝင် လူ ၅ ဦးကို ဖမ်းဆီးထားပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ