ပါလက်စတိုင်း ညီညွတ်သော အစိုးရသစ် ကျမ်းကျိန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဟားမတ်စ်နဲ့ ဖာတာ ၂ဖွဲ့လုံး ပါဝင်တဲ့ ပါလက်စတိုင်း အစိုးရသစ်

ပါလက်စတိုင်း ညီညွတ်သော အစိုးရသစ်ဟာ ရာမလာမြို့မှာ ဒီကနေ့ တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။

ဒါဟာ ပါလက်စတိုင်းမှာ ကာလရှည်ကြာ စိတ်ဝမ်းကွဲနေတဲ့ ဟားမတ်စ်နဲ့ ဖာတာ ပါလက်စတိုင်း အုပ်စု ၂ခု အကြား ပြန်လည် ပေါင်းစည်းနိုင်ဖို့ ခိုင်မာတဲ့ ပထမဆုံး ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်လုံးလုံး ဂျော်ဒန်မြစ် အနောက်ဘက် ကမ်းဒေသကို ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်နဲ့ ဖာတာအဖွဲ့တို့က အုပ်ချုပ်ခဲ့ပြီး၊ ဟားမတ်စ် အဖွဲ့ကတော့ ဂါဇာ ဒေသကို ထိန်းချုပ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို နှစ်ဖွဲ့ ပြန်လည် သင့်မြတ် ရင်ကြားစေ့ရေး သဘောတူညီချက်ဟာ နောက် ၆ လမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးဖို့အတွက် ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီချုပ် ဘန်ဂျမင် နေတန်ယာဟု ကတော့ အခု ပါလက်စတိုင်း အစိုးရ အဖွဲ့မှာ ဟားမတ်စ် အဖွဲ့ ပါနေတဲ့အတွက် နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ ဒီအစိုးရအဖွဲ့ကို အဆောတလျင် အသိအမှတ် မပြုဖို့ တိုက်တွန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ