စပိန်ဘုရင် ဟွမ် ကားလို့စ် ထီးနန်းစွန့်ပြီ

  • 2 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သားတော် အိမ်ရှေ့စံ မင်းသား ဖယ်လိပေ ထီးနန်းလွှဲယူမယ်

နှစ်ပေါင်း ၄၀ နီးပါး ထီးနန်းစံ ခဲ့တဲ့ စပိန် ဘုရင် Juan Carlos ဟွမ် ကားလို့စ် ဟာ နန်းစွန့်ပြီး သားတော် အိမ်ရှေ့စံ မင်းသား Felipe ဖယ်လိပေ ကို ထီးနန်းအပ်တော့မှာ ဖြစ်ပါတယ်။

စပိန် ဘုရင်က ရုပ်မြင်သံကြားကနေ မိန့်ခွန်း ပြောကြားရာမှာ သူ့အပေါ် တိုင်းသူပြည်သားတွေရဲ့ ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သူဟာ အသက် ၇၆ နှစ် ပြည်ခဲ့ပြီ ဖြစ်လို့ သူ့သားတော်ကို ထီးနန်းအပ်ချိန် ရောက်ပြီလို့ စဉ်းစား ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ခက်ခဲ ကြီးမားတဲ့ ဘဏ္ဍာရေး အကျပ်အတည်းဟာ စပိန် နိုင်ငံတော်ကို အစွန်း အထင်း ဖြစ်စေခဲ့ကြောင်း၊ အသစ် တဖန် ပြန်လည် နိုးထလာမယ့် အနာဂတ် အတွက် ပြင်ဆင်ကြဖို့ မျိုးဆက်သစ်တွေက တောင်းဆိုနေကြကြောင်း စပိန် ဘုရင်က ပြောပါတယ်။

အသက် ၄၆ နှစ် ရှိပြီ ဖြစ်တဲ့ မင်းသား ဖယ်လိပေ ဟာ နိုင်ငံတော် တည်ငြိမ်ရေး အတွက် အဓိက စံထားရမယ့်သူ ဖြစ်ပြီး ဘုရင် တစ်ဦးဖြစ်လာဖို့ ပြင်ဆင်ပြီးသူ၊ ရင့်ကျက်သူ တစ်ဦး ဖြစ်တယ်လို့လည်း စပိန်ဘုရင်က ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ