ကမ္ဘာ့ဖလား ဘောလုံးပွဲ ကိစ္စ စုံစမ်း

  • 3 ဇွန် 2014
Qatar ဓာတ်ပုံ မူပိုင် Getty
Image caption ကာတာ ကမ္ဘာ့ဖလား ကျင်းပခွင့် စွပ်စွဲမှု ထွက်ပေါ်

၂၀၂၂ ခုနှစ် ကာတာမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းခွင့် ရရေး ကိစ္စ စုံစမ်း စစ်ဆေးဖို့ ဖီဖာ ဘောလုံး အဖွဲ့ချုပ်က Michael Garcia ကို ခန့်အပ် ခဲ့ပြီး သူက တပတ် အတွင်း အထောက် အထား တွေ ပြီးအောင် ကောက် မယ်လို့ ပြောကြား လိုက်ပါတယ်။

ဗြိတိန်ထုတ် ဆန်ဒေး တိုင်းမ် သတင်းစာရဲ့ စွပ်စွဲမှုတွေ ပေါ်ထွက် လာပြီးနောက် ဒီလို စုံစမ်းဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး နောက်လမှာ အစီရင်ခံစာ တင်မယ်လို့လဲ Michael Garcia က ပြောပါတယ်။

သတင်းစာက တွေ့ရှိ ထားတဲ့ အထောက်အထား အချက်အလက် တချို့ကို ဖီဖာ ဘောလုံး အဖွဲ့ချုပ် စစ်ဆေးသူ တွေကို လွှဲပေးမယ်လို့ ဘီဘီစီက သိရှိ ထားပါတယ်။

ပွဲ ကျင်းပရေး ကိစ္စ နေရာ ပြန်ရွေးဖို့ ထိ တော့ စစ်ဆေးသူ တွေ ဘက်က မစွက်ဖက် နိုင်ပါဘူး။

ကာတာ ကမ္ဘာ့ဖလား ဖြစ်မြောက်ရေး ကော်မတီကတော့ သူတို့ ဘာ အမှားအယွင်း မှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ