ဥရောပ လုံခြုံရေးသုံးဖို့ ၁ ဘီလျံ အိုဘားမား ကြေညာ

ဓာတ်ပုံ မူပိုင် AFP
Image caption အိုဘားမား ပိုလန်ကို ရောက်ရှိစဉ် ပိုလန် သမ္မတ ဆီးကြိုစဉ်။

ဥရောပ အရှေ့ပိုင်းမှာ အမေရိကန် တပ်တွေ ချထားရေး အပါအဝင် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အတွက် ဒေါ်လာ သန်း ၁ ထောင် သုံးစွဲမယ့် အစီအစဉ် တစ်ခုကို အမေရိကန် သမ္မတ ဘားရတ် အိုဘားမားက ဒီကနေ့ ကြေညာလိုက်ပါတယ်။

အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုနေသေးတဲ့ ဒီအစီအစဉ်ကို မစ္စတာ အိုဘားမားက သူ့ရဲ့ ပိုလန် ခရီးစဉ် အစမှာ အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းမှာ အခု ဖြစ်နေတဲ့ အခြေအနေကြောင့် အမေရိကန်ကလဲ တပ်တွေကို ပိုချထားတယ်၊ ခြေလျင်တပ်နဲ့ F 16 တိုက်လေယာဉ်တွေကို ပိုလန်မှာ စပြီး တာဝန်ချထားပါပြီ၊ စစ်ရေးလေ့ကျင့်မှုတွေ ပူးပေါင်းလုပ်ဆောင်ရင်း နေတိုးရဲ့ လေကြောင်း စစ်ဆင်ရေးတွေကို ကူညီသွားမှာပါလို့ အိုဘားမားက ပြောခဲ့ပါတယ်။

ယူကရိန်း အရှေ့ပိုင်းက စစ်သွေးကြွတွေရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့အတွက်လည်း အိုဘားမားက ရုရှားကို တောင်းဆိုလိုက်ပါတယ်။

ပိုလန် ဝန်ကြီးချုပ် ဒေါ်နယ်လ် တက်စ်၊ ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကို အပါအဝင် ဥရောပ အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ခေါင်းဆောင် တချို့ဟာ ဒီကနေ့ ပိုလန်မှာ အိုဘားမားနဲ့ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ