ဒိုင်နိုဆော အရိုးစု ခိုးသွင်းသူ ထောင် ၃ လ ကျ

  • 4 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တိုင်ရန်နိုဆော အရိုးစု တစ်ခု

မွန်ဂိုလီယားက ဒိုင်နိုဆော အရိုးစုတွေကို အမေရိကန် နိုင်ငံထဲ ခိုးသွင်းမှုနဲ့ အဲရစ်က် ပရိုကိုပီ ဆိုသူ အမေရိကန် နိုင်ငံသား ကျောက်ဖြစ်ရုပ်ကြွင်း ရောင်းဝယ်သူကို ထောင် ၃လ အပြစ်ပေးခဲ့ပါတယ်။

သူ ခိုးသွင်းခဲ့တဲ့ ကျောက်ဖြစ် ရုပ်ကြွင်းတွေထဲမှာ နှစ် သန်း ၇၀ သက်တမ်းရှိတဲ့ တိုင်ရန်နိုဆော အရိုးစုတွေ ပါပါတယ်။ အဲဒီ အရိုးစုတွေဟာ ပြန်လည် တပ်ဆင်ပြီး ရောင်းချရင် ဒေါ်လာ သန်းချီ တန်ကြေးရှိမှာ ဖြစ်ပါတယ်။

အခုတော့ ဒီရုပ်ကြွင်းတွေကို မွန်ဂိုလီးယားကို ပြန်လွှဲပေးမှာ ဖြစ်ပြီး အသစ်တည်ဆောက်မယ့် ပြတိုက်တစ်ခုမှာ ပြသထားမယ်လို့ ဆိုပါတယ်။

ဒီအမှုကို စစ်ဆေးနေစဉ် ကာလမှာ သူရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် တရားစွဲဆိုသူတွေက သူ့ကို ချီးကျုးခဲ့ပြီး သူ့ရဲ့ အစစ်ခံချက်တွေဟာ နိုင်ငံတကာက ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ ရှေးဟောင်းပစ္စည်း မှောင်ခို ကွင်းဆက်တွေကို ဖော်ထုတ်နိုင်အောင် ကူညီခဲ့တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ