ကွန်မြူနစ် ကျဆုံးမှု နှစ်လည် အိုဘားမား မိန့်ခွန်း

  • 4 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption နေတိုးမိတ်ဆွေဖြစ်တဲ့ ပိုလန်ရဲ့ လုံခြုံရေးကို အလေးထားကြောင်း ပြော

ပိုလန်နိုင်ငံမှာ ကွန်မြူနစ် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနိုင်ခဲ့တဲ့ ၂၅ နှစ်မြောက် အထိမ်းအမှတ်ပွဲ တစ်ခုကို ဝါဆောမြို့မှာ ကျင်းပပြီး ပိုလန်နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မိန့်ခွန်းပြောခဲ့ပါတယ်။

အိုဘားမားက ပြောရာမှာ လွတ်လပ်တဲ့ နိုင်ငံတွေ အနေနဲ့ ရုရှားရဲ့ ရန်စမှုကို အတူ ပူးပေါင်း ရင်ဆိုင်သွားရမယ်လို့ ပြောပါတယ်။

ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ပြောရာမှာလည်း ရုရှားဟာ ယုတ်နိမ့်တဲ့ ပရိယာယ်တွေကို သုံးနေတယ်လို့ အိုဘားမားက ပြောပါတယ်။

သူက ဆက်ပြောရာမှာ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံဖြစ်တဲ့ ပိုလန်ရဲ့ လုံခြုံရေးကို အလေးထားကြောင်း၊ ပိုလန်ဟာ တစ်ယောက်တည်း ရပ်တည်စရာ မလိုကြောင်း ပြောသွားပါတယ်။

အစောပိုင်းကလည်း မစ္စတာ အိုဘားမားဟာ ယူကရိန်း သမ္မတသစ်နဲ့ တွေ့ဆုံခဲ့ပြီး ယူကရိန်းကို စစ်ရေး အထောက်အကူအဖြစ် နောက်ထပ် ဒေါ်လာ ငါးသန်း ပေးဖို့ ကတိပြုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ