ထိုင်းမှာ လက်သုံးချောင်း ထောင်တာကို တားမြစ်

  • 4 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption စစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သူတွေကတော့ လက်သုံးခေျာင်း ထောင်ပြတဲ့ လှုပ်ရှားမှုကို ဆက်လုပ် သွားမယ်လို့ ဆို

စစ်တပ် အာဏာသိမ်း လိုက်တဲ့ ထိုင်းနိုင်ငံမှာ စစ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမူတွေ ထဲမှာ လက်သုံးချောင်း ထောင်ပြတဲ့ သင်္ကေတ ဟာလည်း စစ်တပ်ကို ဆန့်ကျင် တဲ သင်္ကေတ ဖြစ်တယ်လို့ ထိုင်းစစ်တပ်က သတ်မှတ် ပိတ်ပင် လိုက်ပါတယ်။

ဒီလို လုပ်တဲ့သူတွေကို အခြေအနေ စောင့်ကြည့်ပြီး ဖမ်းဆီး ထောင်ချနိုင်တယ်လို့ ထိုင်း အာဏာသိမ်း စစ်အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက ပြောပါ တယ်။

ဘန်ကောက် က လူစည်ကားတဲ့ နေရာ တစ်ချို့ နဲ့ မိုးပျံရထား ဘူတာရုံတွေ မှာ ထိုင်းစစ်တပ် အာ ဏာသိမ်းမှုကို မလိုလားတဲ့ သူတွေက ညာဘက်လက်က လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်း ထောင်ပြတဲ့ ဆန့်ကျင် လှုပ်ရှားမှုတွေ လုပ်လာနေတာကို အခု ရက်ပိုင်း တွေ့နေရပါတယ်။

ဒါဟာ အမေရိကန် ဒါရိုက်တာ တစ်ဦး ရိုက်ကူးတဲ့ hunger games ဆိုတဲ့ ရုပ်ရှင်ကားထဲက စစ်တပ် အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ပုံစံကို ကူးချပြီး အခုလို လုပ်ကြတာလို့ ပြောတာ ရှိသလို လွတ်လပ်မှု၊ တန်းတူ ညီမျှမှု၊ သဟာဇာတ ဖြစ်မှု ဆိုတဲ့ ပြင်သစ် သင်္ကေတကို ကိုယ်စားပြု တာလို့လည်း တချို့က ပြောပါတယ်။

ထိုင်းစစ်အစိုးရ ကတော့ ဒီလှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး အရပ်ဝတ်တွေနဲ့ သတင်းသမားတွေ အယောင်ဆောင်ပြီး ဖမ်းဆီးတာတွေ လုပ်နေသလို စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဘယ်လှုပ်ရှားမှုကို မဆို ကူညီ အားပေးသူတွေ ကိုလည်း ထောင်ဒဏ် အထိ အပြစ်ပေး အရေးယူတာတွေ ရှိပါတယ်။

ဒါပေမယ့် ဆန့်ကျင်သူတွေဘက်ကတော့ နေ့စဉ် မနက် ၉ နာရီ၊ ၁ နာရီနဲ့ ညနေ ၅ နာရီ တို့မှာ စစ်တပ်နဲ့ ရဲ မရှိတဲ့ လူစည်ကားတဲ့ နေရာတွေမှာ ညာဘက် လက်ခလယ် သုံးချောင်း ထောင်ပြီး ဆန့်ကျင်ကြဖို့ နှိုးဆော် ထားပါတယ်။