တီယန်နန်မင် ၂၅ နှစ်ပြည့် လုံခြုံရေး အထူးတင်းကျပ်

  • 4 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption တီယန်နန်မင် ရင်ပြင်အနီး လုံခြုံရေး ချထားစဉ်

တရုတ်နိုင်ငံမှာ တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲတွေကို အကြမ်းဖက် နှိမ်နင်းခဲ့တာ ၂၅ နှစ် ပြည့်တဲ့နေ့ ဖြစ်လို့ ဘေကျင်း တစ်မြို့လုံး လုံခြုံရေး တင်းကျပ်ထားပါတယ်။

အမှတ်တရ ပွဲတွေ၊ လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် ထောင်ချီတဲ့ စစ်သားတွေကိုလည်း ရင်ပြင်မှာ ချထားပါတယ်။

တီယန်နန်မင် လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ တင့်ကား၊ ရင်ပြင်၊ သွေး စတဲ့ စကားလုံးတွေကိုလည်း အင်တာနက်မှာ ရှာလို့ မရအောင် ပိတ်ထားပါတယ်။

တစ်နိုင်ငံ စနစ် ၂ မျိုး ပေါ်လစီကို ကျင့်သုံးတဲ့ ထိုင်၀မ်မှာတော့ လူ သိန်းနဲ့ချီ ပါဝင်ပြီး အမှတ်တရ နှစ်လည် ချီတက်ပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ