တရုတ် စစ်အသုံးစရိတ် တစ်နှစ် ဒေါ်လာ ၁၄၅ ဘီလျံရှိ

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် စစ်အသုံးစရိတ် တရားဝင် ပမာဏထက် အဆက် ၂၀ ကျော် ပိုများနေ

တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် ကာကွယ်ရေး အသုံးစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅ ဘီလျံ ရှိတယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီငွေပမာဏဟာ တရုတ် နိုင်ငံက တရားဝင် ဖော်ပြတဲ့ ပမာဏထက် အဆ ၂၀ ကျော် ပိုများနေတာ ဖြစ်ပါတယ်။

ဒါဟာ တရုတ်နိုင်ငံရဲ့ ရေတပ်နဲ့ လေတပ် ခေတ်မီဖို့အပြင် ဆိုင်ဘာ စစ်ပွဲ တိုက်ခိုက်နိုင်စွမ်းရည်တို့ အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ထင်ဟပ်စေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ပြောကြောင်း အမေရိကန် ကွန်ဂရက်က နှစ်စဉ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဘေဂျင်း မြို့တော်မှာ ရှိတဲ့ ကာကွယ်ရေးဌာန ကတော့ ဒါတွေဟာ တရုတ်ရဲ့ စစ်ရေး ခြိမ်းခြောက်မှုကို ချဲ့ကားထားတဲ့ အဓိပ္ပာယ်မရှိ ပြောဆိုမှုတွေ ဖြစ်တယ် ဆိုပြီး ပယ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ တရုတ်အစိုးရက ကာကွယ်ရေး အသုံးစရိတ် ၁၂ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ