ပါလက်စတိုင်းအကျဉ်းသားအရေး ဘန်ကီမွန်းပြော

_israel_prison ဓာတ်ပုံ မူပိုင် Getty
Image caption အစ္စရေး အကျဉ်းထောင်

ရုံးတင် တရားစွဲဆိုမှု မလုပ်ပဲ၊ အစ္စရေး အကျဉ်းထောင်တွင်း ထိန်းသိမ်း ခံထားရတဲ့ အတွက်၊ အစာငတ်ခံ ဆန္ဒပြနေကြ တဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ရဲ့၊ ယိုယွင်းလာတဲ့ ကျန်းမာရေး အခြေအနေ အပေါ်၊ စိုးရိမ်မှု ရှိနေတယ် ဆိုပြီး၊ ကုလသမဂ္ဂ ရဲ့၊ အထွေထွေ အတွင်းရေးမှုးချူပ် ဘန်ကီမွန်းက ပြောလိုက်ပါ တယ်။

ဒါ့အပြင်၊ အစ္စရေးအာဏာပိုင်တွေ အနေနဲ့၊ အဆိုပါ အကျဉ်းသားတွေ ကို၊ ဥပဒေအရ တရား စွဲဆိုမှု မပြုလုပ်ဘူး ဆိုရင်၊ နှောင့်နှေးမှု မရှိပဲ အမြန်ဆုံး ပြန် လွှတ်ပေးဖို့ ကိုလည်း၊ တိုက်တွန်း လိုက်ပါတယ်။

ပါလက်စတိုင်း အကျဉ်းသား ၁၂၀ လောက် ဟာ၊ အစာငတ်ခံ သပိတ်တိုက်ပွဲ ဝင်နေတာ၊ သီတင်းပတ် ၆ ပတ် ကျော်လာနေပြီ ဖြစ်ပါတယ်။

အစ္စရေး အစိုးရကတော့၊ အဆိုပါ အကျဉ်းသားတွေ ရဲ့ ဆန္ဒမပါပဲ၊ အင်အားသုံး အစာကျွေးခွင့် ကို၊ တရားသူကြီးက တဆင့် အမိန့် ထုတ်ပြန် နိုင်ဖို့ရာ၊ ပါလီမန် ရဲ့ ခွင့်ပြုချက် ရဖို့၊ ကြိုးစားနေပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ