ရာမာဒီ တက္ကသိုလ်ကို စစ်သွေးကြွတွေ ဝင်စီး

  • 7 ဇွန် 2014
anbar ဓာတ်ပုံ မူပိုင် Anbar University
Image caption လုံခြုံရေး တွေကို သတ်ပြီး တက္ကသိုလ်ဝင်စီး

အီရတ် နိုင်ငံ အနောက်ပိုင်း ရာမာဒီမြို့ က တက္ကသိုလ် တခုကို ဝင်စီးထားတဲ့ စစ်သွေးကြွ တွေက သူတို့ ဖမ်းထားတဲ့ ရာနဲ့ချီတဲ့ ကျောင်းသား တွေနဲ့ ဆရာ တွေကို ပြန်လွှတ် ပေးခဲ့ပါတယ်။

စစ်သွေးကြွတွေ လွှတ်ပေးပြီးနောက် ကျောင်းသား ၁၃ဝဝ လောက် တက္ကသိုလ် ထဲက ထွက်လာကြတယ်လို့ ဒေသ ကောင်စီ အကြီးအကဲက ပြောကြား ပါတယ်။

စစ်သွေးကြွ အများအပြားကိုလဲ အစိုးရတပ် က ချေမှုန်း ခဲ့ပြီး ကျန်တဲ့ စစ်သွေးကြွတွေ ဆုတ်ခွာသွားပြီလို့ ရာမာဒီက လုံခြုံရေး သတင်း ရပ်ကွက်က ဘီဘီစီကို ပြောပါတယ်။

ကျောင်း လုံခြုံရေး တွေကို သတ်ဖြတ်ပြီး တက္ကသိုလ်ကို ဝင်စီးထားတဲ့ သေနတ် သမား တွေဟာ ISIS စစ်သွေးကြွ အဖွဲ့ကလို့ ယူဆရပါတယ်။

သောကြာနေ့ ကလဲ အစွန်းရောက် တွေက မိုဆူးလ်မြို့ကို အပြင်းအထန် တိုက်ခိုက် ခဲ့ပြီး အသေခံ ဗုံးခွဲမှုတွေ ဖြစ်ပွားခဲ့ သလို ဆမာရာ မြို့ ကိုလဲ အကြီးအကျယ် ထိုးစစ် ဆင်ခဲ့ပါတယ်။

ရာမာဒီမှာ လုံခြုံရေးနဲ့ စစ်သွေးကြွ တွေကြား လတွေနဲ့ ချီပြီး တိုက်ခိုက် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ