ယူကရိန်း သမ္မတသစ် ကျမ်းကျိန်

  • 7 ဇွန် 2014
Petro Poroshenko
Image caption ပဋိပက္ခ ပြေငြိမ်းရေး အလေးပေးမယ်

ခွဲထွက်ပြီး ရုရှက သိမ်းသွင်း သွားတဲ့ ကရိုင်းမီးယား ကို ယူကရိန်း အစိတ်အပိုင်း အဖြစ် အမြဲတမ်း မှတ်ယူ သွားမှာ ဖြစ်တယ်လို့ ယူကရိန်း သမ္မတသစ် Petro Poroshenko က ကျမ်းကျိန်ပွဲမှာ ပြောကြား လိုက်ပါတယ်။

ယူကရိန်းကို အီးယူရဲ့ တင်းပြည့် အဖွဲ့ဝင် ဖြစ်လာရေး အလေးထား ဆောင်ရွက်သွားမယ်လို့ ကီးယက်ဗ် မြို့တော်က ကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ မစ္စတာ Poroshenko က ပြောကြား ခဲ့ပါတယ်။

ပဋိပက္ခ ပြေငြိမ်းရေး အတွက် လမ်းစဉ်တွေ ချမှတ်ထားပြီး လက်စားချေ တုံ့ပြန်ဖို့ စစ်မခင်း လိုကြောင်းလဲ မုန့်မျိုးစုံ လုပ်ငန်းနဲ့ ဘီလျံနာ ချီပြီး ချမ်းသာ လာတဲ့ ယူကရိန်း သမ္မတက ပြောကြား ခဲ့ပါတယ်။

စစ်ပွဲမှာ ပါဝင် ပတ်သက်မှု မရှိသူ တွေအတွက် လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ အပါအဝင် ငြိမ်းချမ်းရေး ခြေလှမ်းတွေ စတင် တော့မယ်လို့ သူက ပြောကြား သွားပါတယ်။

ရုရှ ယူကရိန်း နယ်စပ် အဝင်အထွက်တွေ ကြပ်မတ် စစ်ဆေးဖို့ ၊ တရားမဝင် ဖြတ်သန်းခွင့် မပေးဖို့ သမ္မတ ပူတင်က ညွှန်ကြား ထားတယ် လို့ ရုရှ သတင်း ဌာန တွေက ရေးသား ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ