ကရာချိ လေဆိပ်ကို သေနတ်သမားတွေ တိုက်ခိုက်

  • 8 ဇွန် 2014
pakistan map
Image caption ကရာချိ လေဆိပ် တိုက်ခိုက်ခံရ

ပါကစ္စတန် နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့ကြီး ဖြစ်တဲ့ ကရာချိ လေဆိပ်ကို သေနတ်သမား တွေက တိုက်ခိုက် လို့ အနည်းဆုံး လူ ၁၁ ယောက် သေဆုံးသွား ပါတယ်။

သေနတ်သမား ၁ဝ ယောက် လုံးကိုလဲ အသေ ပစ်သတ် နိုင်ခဲ့တယ်လို့ ပါကစ္စတန် အာဏာပိုင် တွေက ပြောပါတယ်။

၅ နာရီကြာ ချေမှုန်း စစ်ဆင် ခဲ့ပြီးနောက် စစ်သားနဲ့ ရဲတွေက လေဆိပ်ကို ပြန်လည် ထိန်းချုပ် နိုင်ပြီလို့ ကြေညာ ခဲ့ပါတယ်။

ကုန်စည် အတင်အချ နဲ့ အထူး ဧည့်သည်တွေ အတက်အဆင်း လုပ်ဖို့ သုံးတဲ့ လေဆိပ် ဝင်ပေါက် အဆောက်အအုံ ကနေ သေနတ်သမား တွေ ဝင်လာပြီး လက်ပစ်ဗုံးတွေ၊ သေနတ်တွေနဲ့ လုံခြုံရေး တွေကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ဆီလှောင်ရုံ တခုက ပေါက်ကွဲသံ တွေ ကြားရတယ်လို့ ရဲက ပြောပါတယ်။

လေကြောင်း ခရီးစဉ်တွေ တခြား လေဆိပ် တွေကို ရွှေ့ပြောင်း ဆင်းသက် ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ