ဆော်ပေါ်လိုမြို့မှာ လုပ်သားတွေ ဆက်လက် ဆန္ဒပြ

ဓာတ်ပုံ မူပိုင် AFP
Image caption လစာတိုးပေးဖို့ ဆန္ဒပြကြတဲ့ သယ်ယူပို့ဆောင်ရေး လုပ်သားတွေ

လာမယ့် ကြာသပတေးနေ့မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဖွင့်ပွဲ ကျင်းပမယ့် ဘရာဇီးလ် နိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ ဆော်ပေါ်လို Sao Paulo မြို့မှာ ဆန္ဒပြကြတဲ့ အလုပ်သမား တွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပါတယ်။

လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုတဲ့ သယ်ယူ ပို့ဆောင်ရေး လုပ်သားတွေရဲ့ သပိတ်မှောက်မှုနဲ့ အခု ဆန္ဒပြမှုတွေက ဆက်စပ်နေပါတယ်။

သူတို့ကို ဆက်လက် သပိတ် မမှောက်ဖို့ တရားရုံးက အမိန့်ချခဲ့ပေမယ့် အလုပ်သမားတွေက ဆက်လက် ဆန္ဒပြကြဖို့ တနင်္ဂနွေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆော်ပေါ်လို မြို့တော်ဝန်ကတော့ အလုပ်ပြန်မဝင်တဲ့ အလုပ်သမားတွေကို အလုပ်က ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ