ဗီယမ်နမ်ရဲ့ နှောင့်ယှက်မှု သည်းခံနေရဟု တရုတ်ဆို

  • 9 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဗီယက်နမ် ကမ်းစောင့်သင်္ဘော (ဝဲ)နဲ့ တရုတ် ကမ်းစောင့် သင်္ဘော (ယာ)တို့ ထိပ်တိုက် တွေ့စဉ်။

တောင်တရုတ် ပင်လယ် အတွင်း ပိုင်နက် အငြင်းပွားနေတဲ့ ရေပြင်မှာ တရုတ် နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းတွေအပေါ် ဗီယက်နမ် နိုင်ငံရဲ့ ဥပဒေမဲ့ နှောင့်ယှက်မှုတွေကို အတော်ကြီး ချုပ်ထိန်း သည်းခံနေရတယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

ဗီယက်နမ် ငါးဖမ်း သင်္ဘောတွေက တရုတ် ရေနံတူးစင် နေရာကို ချိုးဖောက် ဝင်ရောက်ဖို့အတွက် ဝန်းရံထားတဲ့ တရုတ်အစိုးရ သင်္ဘော တွေကို အကြိမ်ပေါင်း ၁၄၀၀ ကျော်ဝင်တိုက်ခဲ့တယ်လို့ ဘေဂျင်းမှာ ရှိတဲ့ တရုတ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဗီယက်နမ် အစိုးရကတော့ တရုတ် ရေနံတူးစင်ဟာ သူတို့ ရေပိုင်နက်အတွင်းမှာ ရှိတာ ဖြစ်လို့ အဲဒီနေရာမှာ ရေနံတူးဖော်မှုတွေကို ရပ်တန့်ပါလို့ တရုတ် အစိုးရကို တိုက်တွန်းခဲ့ပါတယ်။

တရုတ်နိုင်ငံက သူတို့ အနေနဲ့ အိမ်နီးချင်း နိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို လိုလားတယ်၊ ဒါပေမယ့် သူတို့လုပ်ငန်းတွေကိုတော့ မစွန့်လွှတ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ