ဝေလငါး ဖမ်းဆီးမှု ပြန်စဖို့ ဂျပန် ကြိုးစားမယ်

  • 9 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၁၉၈၆ နောက်ပိုင်း ဂျပန်ဟာ သုတေသနကို ဘန်းပြပြီး ဝေလငါးတွေ ဖမ်းဆီးခဲ့

ဂျပန်နိုင်ငံဟာ အန္တာတိက တိုက်မှာ နှစ်စဉ် ဝေလငါး ရှာဖွေရေး လုပ်ငန်းကို ပြန်လည် စတင်နိုင်ဖို့ ရှေ့ဆက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောလိုက်ပါတယ်။

၁၉၈၆ ခုနှစ်က စပြီး ကမ္ဘာတဝန်း ဝေလငါး ဖမ်းဆီးမှုကို တားမြစ်ခဲ့ပေမယ့် သိပ္ပံဆိုင်ရာ သုတေသနပြုမှုအတွက်တော့ ဖမ်းဆီးခွင့် ပြုတယ် ဆိုတဲ့ လစ်ဟာချက်ကို အခွင့်ကောင်းယူပြီး ဂျပန်နိုင်ငံက ဆက်လက် ဖမ်းဆီးနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်ရဲ့ ဝေလငါး ဖမ်းဆီးမှုဟာ သုတေသန လုပ်ငန်းကို ဘန်းပြပြီး စီးပွားဖြစ် ဖမ်းဆီးနေတာ ဖြစ်တယ်လို့ နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက်မှာ ဂျပန်က ဒီနှစ်အတွင်း ဝေလငါး ဖမ်းဆီးမှုကို ရပ်တန့်ထားခဲ့ပါတယ်။

ဒါဟာ ဂျပန်တို့ရဲ့ ရိုးရာ ဓလေ့ တစ်ခု ဖြစ်တယ်ဆိုတာ နိုင်ငံတကာက နားလည် လာအောင် သူကြိုးစားမယ်လို့ မစ္စတာ အာဘေးက ပါလီမန်မှာ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ