အာဖဂန်မှာ ကန် စစ်သား ၅ ဦး မတော်တဆ သေဆုံး

  • 10 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အာဖဂန်က နေတိုးတပ်ဖွဲ့တွေ ဒီနှစ်ကုန်မှာ ဆုတ်ခွာဖို့ရှိ

အာဖဂန် နစ္စတန် နိုင်ငံ တောင်ပိုင်းမှာ အမေရိကန် စစ်သား ၅ ယောက် သူတို့နယ်မြေဘက်မှာပဲ မတော်တဆ သေဆုံးခဲ့တယ်လို့ အမေရိကန် စစ်တပ် သတင်း ရပ်ကွက်က အတည်ပြု ပြောဆိုပါတယ်။

သူတို့ဟာ အမေရိကန် လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ အပေါ် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က စုံစမ်း စစ်ဆေးမယ်လို့ ပြောပါတယ်။

အမေရိကန် စစ်သားတွေ အပြင် အာဖဂန် လူမျိုး ၂ ယောက်လည်း သေဆုံးခဲ့ပါတယ်။

ဒီ မတော်တဆ ဖြစ်မှုဟာ စစ်ရေး လှုပ်ရှားမှု အလွန်များပြားတဲ့ Zabul ပြည်နယ် Arghandab မှာ တနင်္လာနေ့က အာဖဂန်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး တာလီဘန် တို့ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေး အတွင်း ဖြစ်ခဲ့တာပါ။

အာဖဂန် အရာရှိတွေရဲ့ အဆိုအရ သူတို့ကို တာလီဘန်တွေက ချောင်းမြောင်း တိုက်ခိုက်စဉ်မှာ အမေရိကန် တပ်ဖွဲ့တွေက လေကြာင်းတိုက်ခိုက်မှု ပေးဖို့ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ် အတွင်း အာဖဂန် နစ္စတန်မှာ နေတိုးအဖွဲ့က စစ်သား ၃၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ