ဘရာဇီး တလမ်းပြေး မီးရထားလမ်း စီမံကိန်း မတော်တဆ ဖြစ်ရပ်

  • 10 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption မေလတုန်းကလည်း ဆောက်လုပ်နေဆဲ ကမ္ဘာ့ဖလား ဘောလုံးပွဲ အားကစားကွင်းမှာ မတော်တဆ ဖြစ်ရပ်ကြောင့် အလုပ်သမားတဦး သေ

ဘရာဇီးနိုင်ငံ ဆောင် ပေါလိုမြို့မှာ ဆောက်လုပ်နေဆဲ တလမ်းပြေး မီးရထားလမ်း စီမံကိန်းတခုရဲ့ ကွန်ကရိ အစိတ်အပိုင်းတချို့ ပြိုကျခဲ့တဲ့အတွက် လူတဦး သေဆုံးပြီး တခြားလူနှစ်ဦး ဒဏ်ရာရသွားပါတယ်။

အဲဒီနေရာမှာ လူ၃ဦးအလုပ်လုပ်နေစဉ် ကွန်ကရိ တန်းကြီးတခု လမ်းပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ၁၇ ကီလိုမီတာ အရှည် တလမ်းပြေး မီးရထားလမ်းကို ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် အချိန်မှီ ပြီးအောင် ဆောက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ဒေသန္တရ လေဆိပ်နဲ့ မြို့ရဲ့ ရထားလမ်း စနစ်ကို ဆက်သွယ်ဖို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဆောက်လုပ်မှုက အချိန်မှီ မပြီးပဲ အတော်ကြီးကို နှောင့်နှေး ကြန့်ကြာနေခဲ့တာပါ။

ဘရာဇီးနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲအတွက် ပြင်ဆင်မှုတွေမှာ အခုလို မတော်တဆ ဖြစ်ရပ်တွေ အတော်များများ ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလား ဘောလုံးကွင်း ၁၂ခု တည်ဆောက်နေစဉ်အတွင်း အလုပ်သမား ၈ဦး သေဆုံးခဲ့ရပါတယ်။