လိင်အကြမ်းဖက်မှု ရပ်တန့်ရေး ထိပ်သီး ညီလာခံ

  • 10 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လန်ဒန်က ညီလာခံမှာ တွေ့ရတဲ့ ကုလ အထူးသံတမန် ဂျိုလီနဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်

စစ်မက်ဖြစ်ပွားရာ ဒေသတွေ အတွင်း လိင် အကြမ်းဖက်မှု ရပ်တန့်ရေး ဆိုင်ရာ ၄ ရက်ကြာ ညီလာခံ အနေနဲ့ မတရား ပြုကျင့်ခံရသူတွေဟာ ဂုဏ်သရေ ထိခိုက်စရာ မရှိဘူးဆိုတဲ့ သတင်းစကားကို ထုတ်ပြန်ဖို့လိုတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် ဟောလီဝုဒ် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီက ပြောလိုက်ပါတယ်။

ကျူးလွန်သူကသာ သိက္ခာမဲ့ လုပ်ရပ်အတွက် အရှက်ရသင့်တဲ့သူ ဖြစ်တယ်ဆိုတာ ကမ္ဘာကြီးက သိနားလည်ဖို့ လိုတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး၀န်ကြီး ဝီလျံဟိတ်နဲ့ အတူ ကမကထပြု ကျင်းပတဲ့ လန်ဒန်မြို့တော်က ညီလာခံမှာ အိန်ဂျယ်လီနာ ဂျိုလီက ပြောပါတယ်။

အခု ထိပ်သီး ညီလာခံဟာ ပဋိပက္ခတွေ အတွင်း လိင်အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ကမ္ဘာ့ နိုင်ငံပေါင်း ၁၅၀ ရဲ့ အစိုးရတွေဆီက ကတိကဝတ်တွေ ရလာအောင် တောင်းဆိုခဲ့တဲ့ ၂ နှစ်ကြာ လှုပ်ရှားမှုရဲ့ ရလဒ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အစိုးရကလည်း ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှုတွေ အဆုံးသတ်စေဖို့ ကတိပြုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ နိုင်ငံခြားရေး ဌာန သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုအချိန်ဟာ ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရှောင်လွှဲဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး ဆိုတာ ကမ္ဘာကြီးက သိရှိဖို့ အချိန် ရောက်စေချင်ပြီလို့ ညီလာခံကို စီစဉ် ကျင်းပသူတွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ