Chinpo သင်္ဘောကုမ္ပဏီကို စင်ကာပူ အမှုဖွင့်

  • 10 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားကို သယ်ယူမယ့် လက်နက်တွေ တင်ဆောင်လာတဲ့ Chong Chon Gang သင်္ဘောကို ပနားမား တူးမြောင်းမှာ ဖမ်းမိစဉ်။

ကျူးဘား ကနေ မြောက်ကိုရီးယားကို မီဆိုင်း ဒုံးကျည်တွေနဲ့ တိုက်လေယာဉ်တွေ သယ်ယူ ပို့ဆောင်ရာမှာ ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Chinpo သင်္ဘော ကုမ္ပဏီကို စင်ကာပူ အစိုးရက အမှုဖွင့်လိုက်ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို လက်နက် ပစ္စည်းတွေ တင်ပို့ခွင့် ပိတ်ပင်ထားတာကို ချိုးဖောက်တဲ့ အတွက် Chinpo သင်္ဘော ကုမ္ပဏီကို အခုလို စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

မနှစ်တုန်းက ကွန်တိန်နာ ၂၅ လုံးနဲ့ ထည့်ထားတဲ့ အကြီးစား စစ်သုံး လက်နက်တွေကို သကြားအိတ်တွေ အောက်မှာ ဝှက်ယူ တင်ဆောင်လာတဲ့ Chong Chon Gang သင်္ဘောကို ပနားမား တူးမြောင်းမှာ စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ အဲဒီ လက်နက်တင်ဆောင်လာတဲ့ Chong Chon Gang သင်္ဘောကုမ္ပဏီ အတွက် ကြားခံပွဲစားအဖြစ် Chinpo ကုမ္ပဏီက ဆောင်ရွက်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ