ကမ္ဘာဖလား အိမ်ရှင် ဘရာဇီးရဲ့ အခြေအနေ

  • 12 ဇွန် 2014
_dilma_ ဓာတ်ပုံ မူပိုင် Getty
Image caption ဘရာဇီးလ် ဝန်ကြီးချူပ် ဂျီးလ်မား ရူးဆက်ဖ်

မနက်ဖြန် စတင်တော့မယ့် ကမ္ဘာ့ဖလား ဘောလုံးပွဲ အတွက် ကွင်းပြင် ကွင်းထဲ အခြေအနေ အားလုံးကို ထိန်းချုပ် နိုင်ပြီး ဘရာဇီး အနေနဲ့ အိမ်ရှင် အဖြစ် အဆင်သင့် ဖြစ်နေပြီ ဆိုပြီး သမ္မတ ဂျီးလ်မား ရူးဆက်ဖ်က ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့ဖလား ဘော်လုံးပွဲ အတွက် ကုန်ကျမှုဟာ၊ တိုင်းပြည်အတွက် ရေရှည် ရင်းနှီး မြှုပ်နှံမှု ဖြစ်တယ်လို့လည်း ရုပ်မြင်သံကြားက ပြောသွားပါတယ်။

ဘရာဇီး ပြည်သူတွေရဲ့ စိတ်ပိုင်းဖြတ်ထားမှု၊ တစိုက်မတ်မတ် လုပ်ကိုင်ခဲ့တဲ့ အလုပ်ကြိုးစားမှု စွမ်းရည်တွေဟာ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ တာကို အဆိုး မြင်နေကြသူ တွေ အပေါ် အောင်နိုင်ခဲ့ပြီ ဖြစ်တယ် ဆိုပြီးလည်း သမ္မတ ရူးဆက်ဖ်က ပြောပါတယ်။

အခု ဘရာဇီးမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဟာ ကျင်းပခဲ့ကြသမျှထဲ အကုန်အကျ အများဆုံး ဖြစ်ပါတယ်။

ငွေအမြောက်အများကို လူမှုဖူလုံရေး ကိစ္စတွေမှာ အသုံးမပြုဘဲ ဒီပြိုင်ပွဲမှာ မြှုပ်နှံခဲ့တဲ့ အတွက် လူတွေရဲ့ ဆန္ဒပြမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့ပါတယ်။

ဖွင့်ပွဲပြုလုပ်မယ့် Sao Paulo မြို့က ကွင်းထဲမှာလည်း လုပ်လက်စတွေ အပြီးမသတ်နိုင် ဖြစ်နေသလို အဲဒီ့မြို့က မြေအောက်ရထား လုပ်သားတွေကလည်း သူတို့ရဲ့ ဆန္ဒပြမှုတွေ ပြန်လည် စတင်မယ် ဆိုပြီး ခြိမ်းခြောက် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ