မိုဆူးလ် မြို့ခံ ၅ သိန်းခန့် စွန့်ခွာ ထွက်ပြေးရ

  • 11 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ထွက်ပြေးလာကြတဲ့ မြို့ခံတွေရဲ့ ယာဉ်တွေ

အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို အစ္စလာမစ် အစွန်းရောက် လက်နက်ကိုင်တွေ သိမ်းပိုက်ခဲ့ အပြီးမှာ မြို့ခံ ၅ သိန်းလောက် စွန့်ခွာ ထွက်ပြေးခဲ့ ကြရတယ်လို့ နိုင်ငံတကာ လူဝင်မှု အဖွဲ့က ပြောပါတယ်။

အဲဒီ မိုဆူးလ်မြို့ တည်ရှိရာ နင်နီဗား Nineveh ပြည်နယ်ရဲ့ ဒေသတွင်းနဲ့ ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အကြံပြုချက်တွေကို အီရတ် ဝန်ကြီးချူပ် နူရီ မာလီကီက လစ်လျူရှု့ခဲ့တယ်လို့ အဲဒီ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှုးက အပြစ်တင်ထားပါတယ်။

ဝန်ကြီးချူပ် မာလီကီကတော့ နင်နီဗား ဒေသခံတွေ အနေနဲ့ အကြမ်းဖက်သမားတွေကို မလိုက်လျောကြဖို့နဲ့ အီရတ် အစိုးရနဲ့ စစ်တပ် အနေနဲ့ ဒေသခံတွေနဲ့ အတူရှိနေတယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ