ကူးတို့သင်္ဘော ပိုင်ရှင်ကို ဖမ်းဆီးဖို့ ကြိုးစား

  • 11 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်ခြင်း ခရစ်ယာန် ကျောင်းဝင်းကို ပိတ်ဆို့ ရှာဖွေစဉ်။

တောင်ကိုရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက နစ်မြုပ်ခဲ့တဲ့ ကူးတို့သင်္ဘောကို ပိုင်ဆိုင်တဲ့ Chonghaejin Marine ကုမ္ပဏီကို အဓိက ထိန်းချူပ်ထားသူလို့ ယူဆရတဲ့ ဘီလျံနာ သူဌေး ရိုးဗျောင်အမ်း Yoo Byung-un ကို ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀၀ သုံးပြီး ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အဲဒီ ဘီလျံနာ သူဌေး မစ္စတာ ရိုး ဦးစီး ဦးဆောင်ပြုတဲ့ ဧဝံဂေလိ နှစ်ခြင်း ခရစ်ယန် ဘုရားကျောင်းဝင်းကို စီးနင်း ရှာဖွေခဲ့ကြတာ ဖြစ်ပြီး မစ္စတာ ရိုးကို မတွေ့ခဲ့ကြပါဘူး။

အာဏာပိုင်တွေဟာ သူတို့ စုံစမ်း စစ်ဆေးနေတဲ့ အလွဲ သုံးစားမှု၊ အခွန် ရှောင်တိမ်းမှုတွေနဲ့ ပတ်သက်ပြီး မစ္စတာ ရိုးကို အလိုရှိနေကြတာ ဖြစ်ပါတယ်။

Chonghaejin Marine ကုမ္ပဏီ အတွင်း ခြစားမှုတွေ ရှိနေလို့ ဒါမှမဟုတ် စီမံခန့်ခွဲမှု ညံ့ဖျင်းလို့များ နစ်မြုပ်ခဲ့ရတဲ့ ကူးတို့ သင်္ဘောပေါ်မှာ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အစီအမံတွေ အဆင့်မမီ ဖြစ်ခဲ့တာလား ဆိုတာကိုလည်း အာဏာပိုင်တွေက သိလိုကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ