ဆော်ပေါ်လိုမြို့ ဆန္ဒပြသူတွေကို ရဲက ဖြိုခွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ပိတ်ဆို့ ဆန္ဒပြသူတွေကို ရဲက ရှင်းလင်းစဉ်။

ကမ္ဘာ့ဖလား ဖွင့်ပွဲကို မကြာခင် နာရီပိုင်းအတွင်း ကျင်းပတော့မယ့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ သုံးပြီး လူစုခွဲလိုက် ကြပါတယ်။

အဲဒီ ဖြိုခွဲမှုအတွင်း အနည်းဆုံး ဆန္ဒပြသူ တစ်ယောက် အဖမ်းခံခဲ့ရပြီး CNN သတင်းထောက် တစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေဟာ ဖွင့်ပွဲ ကျင်းပမယ့် အားကစားကွင်းအထိ ချီတက်ပြီး ဆန္ဒပြကြဖို့ စီစဉ်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲအတွက် ရင်းနှီးရတဲ့ ကုန်ကျမှုတွေအပေါ် မကျေနပ်လို့ ဆန္ဒပြကြတာ ဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ တခြား မြို့ကြီးတွေမှာလည်း အခုလို ဆန္ဒပြမှုတွေ ထပ်မံ ပြုလုပ်ဖို့ စီစဉ်ထားကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ