အီရတ် အရေးပေါ်အခြေအနေ ကြေညာဖို့ ပျက်ကွက်

  • 12 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အီရတ် စစ်သွေးကြွ အချို့။

အီရတ်နိုင်ငံမှာ အစ္စလာမ်မစ် စစ်သွေးကြွ တွေက မြို့တွေကို တိုက်ခိုက် သိမ်းယူတာတွေ လျင်အမြန် ဆက်လက် ဖြစ်ပွားနေရာမှာ အီရတ် ပါလီမန်ကတော့ အရေးပေါ် အခြေအနေ ကြေညာဖို့ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး။

ဝန်ကြီးချုပ် နိုရီ အဲလ် မာလိကီက နိုင်ငံကို အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုခဲ့ပြီး ပါလီမန်မှာ ထောက်ခံသူ အမတ် အရေအတွက် မလုံလောက်ခဲ့လို့ အထ မမြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရတ် နိုင်ငံရေးမှာ အက်ကြောင်းကွဲနေပြီး ညီညွတ်မှု ပျက်ပြားနေပြီ ဆိုတာကို ပြသနေတာလို့ ဘီဘီစီ သတင်းထောက်က သုံးသပ်ပါတယ်။

အဲလ်ခိုင်းဒါး နဲ့ ဆက်စပ်နေတဲ့ ISIS တပ်ဖွဲ့တွေဟာ သူတို့ သိမ်းယူထားတဲ့ မိုဆူးလ် နဲ့ တစ်ကရစ် မြို့တွေမှာ တပ်တွေ ပြန်ပေါင်းမိကြပြီး အခုအခါ မြို့တော် ဘက္ကဒက်အထိ ချီတက်ဖို့ စီစဉ်ထားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် ဆမ်မရာ မြို့ကို ချီတက် တိုက်ခိုက်ရာမှာတော့ အစိုးရတပ်တွေကနေ လေကြောင်း အကူအညီအနဲ့အတူ တားဆီးနိုင်ခဲ့ပါတယ်။

နိုင်ငံမြောက်ပိုင်းက ရေနံ ကြွယ်ဝတဲ့ ကာကွက်မြို့ကိုလည်း ကာ့ဒ် စစ်တပ်က ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ