အီရတ်ကို ကူဖို့ အမေရိကန် ပြင်ဆင်

  • 12 ဇွန် 2014
Iraq ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်သွေးကြွ ချေမှုန်းနေရတဲ့ အီရတ် တပ်များ

အီရတ် မြောက်ပိုင်းမှာ သောင်းကျန်း နေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွ တွေ ကို ခုခံရေးမှာ အီရတ် အစိုးရကို ကူညီဖို့ အမေရိကန် ဘက်က လေကြောင်း စစ်ဆင်ရေး အပါအဝင် နည်းလမ်းစုံ စဉ်းစား နေပြီလို့ သမ္မတ အိုဘားမားက ပြောကြား လိုက်ပါတယ်။

အီရတ် ကို အယ်ခိုင်ဒါ အစွယ်အပွား ISIS တပ်တွေ သိမ်းပိုက် လာရင် အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အကူအညီ လိုလာမှာမို့ အထိရောက်ဆုံး ကူဖို့ ပြင်ဆင်နေတယ်လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

အီရတ်ကို အမေရိကန် တပ်တွေ ပြန်လွှတ်မှာ မဟုတ်ဘူးလို့ အမေရိကန် အာဏာပိုင် တွေက ပြောကြား ခဲ့ပါတယ်။

အီရတ်က အမေရိကန် ကန်ထရိုက် သမားတွေကိုလဲ ယာယီ ရွှေ့ပြောင်း ပေးနေပါတယ်။

အရှေ့ပိုင်းက Diyala ခရိုင်မှာ စစ်သွေးကြွတွေ အနိုင်ရ နေပေမယ့် ဆမာရာမြို့ အနောက်ဘက် မှာတော့ အီရတ် အစိုးရ က လေကြောင်း ထိုးစစ်ကြောင့် သူပုန်တွေ ရှေ့ဆက် မတိုးနိုင် ဖြစ်နေပါတယ်။

တိကရစ်နဲ့ မိုဆူး မြို့တွေမှာလဲ သိမ်းထားတဲ့ ISIS စစ်သွေးကြွ တွေကို အီရတ် အစိုးရ က လေကြောင်းက စစ်ဆင် နေတယ်လို့ သိရပါတယ်။

သူပုန် တွေကတော့ ဘဂ္ဂဒက်ထိ ဆက်ချီတက်မယ်လို့ ကြုံးဝါး နေပါတယ်။

ဘဂ္ဂဒက် မြို့တော်က လူထုမှာတော့ စိုးရိမ် ထိတ်လန့်မှုတွေ တိုးပွား နေပါတယ်။

ဒီတိုက်ပွဲ တွေကြားထဲမှာပဲ ကာ့ဒ် တပ်သား တွေကလဲ အီရတ်ရဲ့ အဓိက ရေနံ မြို့ကြီး ဖြစ်တဲ့ Kirkuk မြို့ကို သိမ်းပိုက် ထားလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ