မူရှာရက်ဖ် နိုင်ငံခြား ထွက်ခွာဖို့ ခွင့်ပြုမိန့်ထုတ်

  • 12 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန် သမ္မတဟောင်း ပါဗက် မူရှာရက်ဖ်

ပါကစ္စတန် သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ပါဗက် မူရှာရက်ဖ် နိုင်ငံခြား ထွက်ခွာခွင့်အတွက် ပါကစ္စတန် နိုင်ငံ ကရာချိမြို့ တရားရုံး တစ်ခုက အမိန့်ထုတ်ပြန်ပြီး ခွင့်ပြုလိုက်ပါတယ်။

ဒါပေမယ့် အစိုးရအနေနဲ့ ဒီခွင့်ပြုချက်အပေါ် ကန့်ကွက်ဖို့အတွက် အချိန် ၁၅ ရက် ရမှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး မူရှာရက်ဖ်ဟာ နိုင်ငံခြားမှာ အဝေးရောက်အဖြစ် နေထိုင်ခဲ့ပြီးနောက် ပါကစ္စတန်ကို ပြီးခဲ့တဲ့နှစ်က ပြန်ဝင်လာခဲ့ အပြီးမှာ နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲခံထားရပြီး၊ တခြား အမှုကြီး အတော်များများနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သူ့ရဲ့ ရှေ့နေက ဘီဘီစီကို ပြောရာမှာတော့ ဗိုလ်ချုပ်ကြီးအနေနဲ့ တိုင်းပြည်ကနေ ထွက်ခွာသွားရင်တောင်မှ တရားရင်ဆိုင်ဖို့ အတွက် ပြန်လာမှာ ဖြစ်ပြီး သူ့မှာ အပြစ်မရှိဘူး ဆိုတာကို ဖြေရှင်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ