ကမ္ဘာ့ဖလား စတုတ္ထနေ့ ရလဒ်များ

  • 15 ဇွန် 2014
world cup ဓာတ်ပုံ မူပိုင် Reuters
Image caption ဟွန်းဒူးရပ်စ်ကို အားပေး သူ

ဘရာဇီး ကမ္ဘာ့ ဖလား ပြိုင်ပွဲ စတုတ္ထ နေ့မှာ ပြင်သစ်က ဟွန်းဒူးရပ်စ် အသင်းကို ၃ ဂိုး သုညနဲ့ နိုင်သွားပါတယ်။

Porto Alegre မြို့ ကစားကွင်းမှာ ကန်တဲ့ ဒီပွဲကို ဂိုးလိုင်း နည်းပညာ သုံးပြီး အနိုင် အရှုံး ဆုံးဖြတ် ခဲ့တာပါ။

နိုင်ငံတကာ ကစားပွဲ ကြီး တွေမှာ ဒီနည်းကို ပထမဆုံး အကြိမ် သုံးစွဲ ပြီး ရလဒ် ကြေညာ ခဲ့တာလဲ ဖြစ်ပါတယ်။

ဘရာဇီးလီးယား မြို့တော်မှာ ကန်တဲ့ ပွဲမှာတော့ ဆွစ်ဇာလန်က အီကွေဒေါကို အချိန်ပိုမှာ တဂိုး ထပ်သွင်း ပြီး ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားပါတယ်။

ရီယို ဒီဂျနဲရို မြို့က မာရာကာနား ကစားကွင်းကြီးက ပွဲ မှာတော့ အာဂျင်တီးနားက ဘော့စနီးယား ဟာဇီဂိုးဗီးနား ကို ၂ ဂိုး- တဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ