တယ်လ်အဖာ မြို့ကို စစ်သွေးကြွတွေ ထပ်မံ သိမ်းပိုက်

  • 16 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရှီယား မွတ်ဆလင် မိသားစုဝင်တွေ ထွက်ပြေးလာကြစဉ်။

ဆွန်နီ မွတ်ဆလင် စစ်သွေးကြွတွေဟာ အီရတ် မြောက်ပိုင်းက တယ်လ်အဖာ Tal Afar မြို့ကို ထပ်မံ သိမ်းယူလိုက်ပြီလို့ အာဏာပိုင်တွေနဲ့ မြို့ခံတွေက အတည်ပြု ပြောဆိုပါတယ်။

အိုက်ဇစ်စ် ISIS အဖွဲ့က ဦးဆောင်တဲ့ စစ်သွေးကြွတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာ မိုဆူးလ်မြို့နဲ့ တိကရစ် မြို့တွေ အပါအဝင် အဓိက မြို့တွေကို ဆက်တိုက် သိမ်းယူခဲ့ပြီး အချို့ကိုတော့ အစိုးရက ပြန်သိမ်းနိုင်ခဲ့ပါတယ်။

စစ်သွေးကြွတွေက တယ်လ်အဖာ မြို့ကို တနင်္ဂနွေနေ့က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အီရတ် အစိုးရ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်တွေကို စွန့်ပြီး ထွက်ပြေးကြတယ်လို့ သိရပါတယ်။

အမေရိကန်ကတော့ ဘဂ္ဂဒက်မှာ ရှိနေတဲ့ သူတို့ရဲ့ သံရုံးဝန်ထမ်းတွေကို အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ကာဒစ် ထိန်းချုပ်တဲ့ ဒေသက ဘတ်စ်ရာမြို့ကို ပြောင်းရွှေ့ ပေးနေပါတယ်။

အမေရိကန်ဟာ ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အဖြေရှာဖို့အတွက် အီရန်နဲ့ တိုက်ရိုက် ဆွေးနွေးသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

အဆင့်မြင့် သံတမန်တွေ တွေ့ဆုံမယ့် ဒီဆွေးနွေးပွဲ ကျင်းပဖြစ်ခဲ့ရင် အခု တစ်ပတ်အတွင်းမှာ တွေ့ဖြစ်ကြမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ