ထိုင်းမှ ပြန်သူ ကမ္ဘောဒီးယား လုပ်သား သိန်းကျော်ပြီ

  • 16 ဇွန် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘောဒီးယား လုပ်သားတွေ နယ်စပ်ဖြတ်ဖို့ စောင့်နေစဉ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘာဒီးယား ရွှေ့ပြောင်း လုပ်သားတွေ နေရပ် ပြန်နေကြရာမှာ အခုဆိုရင် အရေအတွက် ၁ သိန်း ၂သောင်းကျော်သွားပြီ ဖြစ်ပါတယ်။

ထိုင်း စစ်အစိုးရကတော့ ကမ္ဘောဒီးယား လုပ်သားတွေကို အတင်းအကျပ် နေရပ် ပြန်ခိုင်းနေတာ မဟုတ်ပါဘူးလို့ ပြောပါတယ်။

အစောပိုင်းက တရားမဝင် နိုင်ငံခြား အလုပ်သမားတွေကို နှိမ်နင်းမယ်လို့ ထိုင်း အာဏာသိမ်း စစ်အစိုးရက ပြောခဲ့တဲ့အတွက် နိုင်ငံခြား အလုပ်သမားတွေ ထိုင်းကို စွန့်ခွာပြီး နေရပ် ပြန်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် နေရပ် ပြန်ကြသူ အများစုဟာ ကမ္ဘောဒီးယား လုပ်သားတွေ ဖြစ်ကြပြီး ဒါဟာ ထိုင်းနဲ့ ကမ္ဘောဒီးယား အစိုးရချင်း ဆက်ဆံရေး မပြေမလည် ဖြစ်နေတာကြောင့်လို့ ယူဆရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ