တရုတ် ဝန်ကြီးချုပ် ဗြိတိန် ဘုရင်မကြီးနဲ့ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် Getty
Image caption ဒေးဗစ်ကင်မရွန်းနဲ့ ဒေါင်းနင်းလမ်းမှာ တွေ့ဆုံစဉ်။

ဗြိတိန်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ တရုတ် ဝန်ကြီးချူပ် လီကာကျန်းဟာ ဘုရင်မကြီး အဲလိဇဘက်၊ ဝန်ကြီးချူပ် ဒေးဗစ်ကင်မရွန်း တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ် ဝန်ကြီးချူပ် လီကာကျန်းရဲ့ ၃ ရက်ကြာ အလည်အပတ် ခရီးမှာ သူနဲ့အတူ အစိုးရ အဖွဲ့ဝင် ၀န်ကြီးတွေ၊ စီးပွားရေး ကိုယ်စားလှယ်တွေ လိုက်ပါလာကြပါတယ်။

တရုတ် ဝန်ကြီးချူပ်ဟာ ဝင်ဆာ ရဲတိုက်မှာ ဘုရင်မကြီးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါင်းနင်းလမ်းမှာ ဝန်ကြီးချူပ် ဒေးဗစ် ကင်မရွန်းနဲ့ တွေ့ဆုံချိန်မှာတော့ ၂ နိုင်ငံ အကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ပိုမို တိုးတက်ရေး ကိစ္စတွေကို အဓိက ဆွေးနွေးခဲ့တယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် ဗြိတိန် အစိုးရ အနေနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း စကားပြောဆိုဖို့ ပြည်တွင်း ဖိအားတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ