အီရန်မှာ ဗြိတိန်သံရုံး ပြန်ဖွင့်ဖို့ ကြေညာ

  • 17 ဇွန် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အီရန် သမ္မတ ဟတ်ဆန် ရိုဟာနီ တက်လာပြီး နောက်ပိုင်း အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးတက်လာ

ဗြိတိန်နိုင်ငံ သံရုံးကို အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ ပြန်လည် ဖွင့်လှစ်ဖို့ ရည်ရွယ်ထားတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟေ့ဂ်က ကြေညာလိုက်ပါတယ်။

လက်တွေ့ကျတဲ့ အစီအစဉ်တွေ ပြုလုပ်ပြီးတာနဲ့ အမြန်ဆုံး သံရုံး ပြန်လည် ဖွင့်လှစ်ဖို့ အခြေအနေတွေ ပေးနေတယ်လို့ မစ္စတာ ဟေ့ဂ်က ပြောပါတယ်။

ဗြိတိန် အနေနဲ့ အခုလို အီရန်မှာ သံရုံး ပြန်ဖွင့်ချင်တယ်လို့ ပြောဆိုလိုက်တာဟာ အီရတ်မှာ ဒီရက်ပိုင်း ဖြစ်ပေါ်နေတဲ့ ဆွန်နီ သူပုန်တွေရဲ့ အရေးကို အနောက်အုပ်စုနဲ့ အီရန်တို့ အတူ ကိုင်တွယ် ဖြေရှင်းကြဖို့ ကြိုးစားမှုရဲ့ နောက်ထပ် လက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။

ဗြိတိန်ဟာ ၂၀၁၁ ခုနှစ်က စပြီး အီရန်နိုင်ငံနဲ့ သံအဆက်အသွယ် လုံး၀ ဖြတ်တောက်ထားခဲ့တာ ဖြစ်ပါတယ်။

အီရန်မှာ သမ္မတ ဟတ်ဆန် ရိုဟာနီ တက်လာပြီး နောက်ပိုင်းမှာ အနောက်အုပ်စုနဲ့ ဆက်ဆံရေး တိုးတက်လာခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ