မဲရေတွက်မှု ရပ်ဖို့ အာဖဂန် သမ္မတလောင်း တောင်းဆို

  • 18 ဇွန် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ပထမ အကျော့မှာ နိုင်ခဲ့ပေမယ့် စုစုပေါင်းရလဒ်မှာ ရှုံးဖို့များနေတဲ့ အဗ္ဗဒူလာ

ပြီးခဲ့တဲ့ စနေနေ့က အာဖဂန် နစ္စတန်မှာ ပြုလုပ်ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲ မဲပေးရာမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲမှုတွေ ပေါ်ထွက်လာပြီးနောက် သမ္မတလောင်း အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ယောက် ဖြစ်တဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာ Abdullah Abdullah က မဲရေတွက်တာတွေကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အာဖဂန်က သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို သူ့အနေနဲ့ အယုံအကြည် မရှိတော့ကြောင်း ပြောဆိုပြီး ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ သူ့လူတွေကို မဲရေတွက်ရာ နေရာတွေကနေ ထွက်ခွာသွားဖို့ အမိန့်ပေးခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဖြစ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာ က ရွေးကောက်ပွဲ စနစ်ကြီး တစ်ခုလုံးဟာ သူ့ရဲ့ ပြိုင်ဖက် အက်ရှ်ရက်ဖ် ဂါနီ Ashraf Ghani အသာရအောင် လုပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖဂန် ရွေးကောက်ပွဲ ကော်မရှင် ဘက်ကတော့ မစ္စတာ အဗ္ဗဒူလာ ရဲ့ စွပ်စွဲချက်ကို တုံ့ပြန် မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ